ရေသောက်နည်းရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ

caucasian-young-man-preparing-to-drinking-water-6JDTM35.jpg

ရေသောက်ခြင်းဟာ နေ့စဉ်လုပ်ဆောင်ရမယ့် မဖြစ်မနေကိစ္စတွေထဲက အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအရလည်း လူတိုင်းဟာ ရေဓာတ်ကို မဖြစ်မနေ လိုအပ်ပါတယ်။

ဒါပေမဲ့ လူတွေဟာ အလုပ်ရောက်ပြီဆို ကိုယ့်ရဲ့ထိုင်ခုံကနေ ရေလေးတစ်ခွက် ထသောက်ဖို့ကိုတောင် မေ့နေတတ်ကြပါတယ်။ နာရီပေါင်းများစွာ ရေမသောက်ပဲ နေမိရင်တော့ ခန္ဓာကိုယ်ဟာ ထိခိုက်မှုတွေ ရှိလာနိုင်ပြီး ဒီလို ခဏခဏ ဖြစ်နေမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ကို ကြုံတွေ့ရနိုင်ပါတယ်။

ရေကို လုံလုံလောက်လောက် မသောက်ဘူးဆိုရင် ခန္ဓာကိုယ်မှာ အောက်ပါ လက္ခဏာတွေ ပြလာနိုင်ပါတယ်။

(၁) ခေါင်းကိုက်ခြင်း

ရေမသောက်ရင် ဦးခေါင်းအနောက် (သို့) အရှေ့ခြမ်း တစ်ခုခု အုံသလို ခံစားရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရေဓာတ်ချို့ယွင်းမှုကြောင့် ဦးနှောက်အတွင်းက အကြောတွေ တင်းအား ပိုမိုများလာလို့ ဖြစ်ပါတယ်။ ရေဓာတ်လိုအပ်ချက်ကြောင့် ကောင်းကောင်း အလုပ် မလုပ်နိုင်တော့တာမျိုး ခံစားရတတ်ပါတယ်။

(၂) အသားအရေ ခြောက်ခြင်း

ရေဓာတ်နည်းနေတဲ့ သူတွေမှာ အများဆုံးပြတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အရေပြားဟာ အကြီးမားဆုံး အစိတ်အပိုင်းဖြစ်ပြီး တစ်နေ့ကို ရေ ဖန်ခွက် ၈ ခွက်စာ အနည်းဆုံး သောက်ပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ရရှိပြီးနောက် ချွေးအဖြစ်နဲ့ ပြန်လည်ကာ မလိုအပ်တာတွေကို စွန့်ထုတ်ခြင်း လုပ်ငန်းစဉ်နဲ့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားလေ့ရှိပါတယ်။ ရေဓာတ်ကြွယ်ဝခြင်းဟာ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပြီး အသားအရေ ကြည်လင်စေသလို ခန္ဓာကိုယ်ကို ပိုမိုလန်းဆန်း စေပါတယ်။

(၃) ပါးစပ်နံခြင်း

ခြောက်သွေ့တဲ့ ပါးစပ်ဟာ အနံ့အသက် မကောင်းပါဘူး။ ရေဓာတ်မရတာကြောင့် ခန္ဓာကိုယ်ဟာ အပူများလာပြီး အဲဒီအပူကပဲ ခြောက်သွေ့မှုကြားမှာ ဘတ်တီးရီးယားတွေကို ဖြစ်ပေါ်စေကာ စကားပြောတဲ့အခါ အနံ့အသက် ဆိုးဆိုးရွားရွား ထွက်လာစေတာပါ။

(၄) ကြွက်သားလျော့တွဲခြင်း

ရေဓာတ် လိုအပ်ချက် အဆမတန်များလာတဲ့အခါ ကြွက်သားတွေဟာ အလုပ်လုပ်ဖို့ ပင်ပန်းလာပြီး အခက်အခဲရှိလာပါတယ်။ ဒါကြောင့် အရမ်းမောတဲ့အခါ ကြွက်တက်တာမျိုး ဖြစ်လာစေတာပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြွက်သားတွေ များစွာပါဝင်ဖွဲ့စည်း တည်ဆောက်ထားလို့ ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ သတိပြုသင့်ပါတယ်။

(၅) ဝမ်းချုပ်ခြင်း

ရေမသောက်တဲ့အခါ အပူများပြီး ဝမ်းချုပ်တာကို ခံစားရတတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးဟာ လုပ်ငန်းလုပ်ဆောင်ရာမှာ ချောမွေ့စေဖို့ အရည်ဓာတ် ကြွယ်ကြွယ်ဝဝ ရရှိဖို့ လိုအပ်တာကြောင့် ဝမ်းသွားဖို့ကို ချောမွေ့စေမှာ မဟုတ်တော့ပါဘူး။

(၆) ဖျားနာခြင်း

ရေဓာတ်လိုအပ်သလို မရတဲ့အခါ ခန္ဓာကိုယ်ဟာ အပူချိန်မြင့်တက်လာသလို လုပ်ငန်းဆောင်ရွက်ချက်တွေဟာလည်း ကမောက်ကမ ဖြစ်လာပါတယ်။ ရေဓာတ်မရတာကြောင့် အားအင်ကုန်ခန်းပြီး စွမ်းအင်တွေကို ညှစ်ထုတ်သုံးစွဲကာ ခန္ဓာကိုယ်အတွက် ဖြည့်ဆည်းရတဲ့အခါ ပင်ပန်းနွမ်းနယ်လာပြီး နာမကျန်းဖြစ်စေတတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

Ref: healthybuilderz “Warning signs you’re not drinking enough water”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top