ဗြိတိန်ဂရင်းပရီပြိုင်ပွဲမှာ စံချိန်တင်ဗိုလ်စွဲခဲ့တဲ့ ဟာမီလ်တန်

67091979_2483403715023867_6691233209474088960_n.jpg

ဗြိတိန်ကားမောင်းသမား လူးဝစ်ဟာမီလ်တန်ဟာ ဗြိတိန်ဂရင်းပရီပြိုင်ပွဲကို (၆) ကြိမ်တိုင်တိုင်ဗိုလ်စွဲပြီး စံချိန်တင်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖော်မြူလာဝမ်းချန်ပီယံ ဟာမီလ်တန်ဟာ ပတ်လမ်းကို (၅၂) ကြိမ်မောင်းနှင်ခဲ့တဲ့အနက် အကြိမ် (၂၀) အထိ အထိအခိုက်မရှိခဲ့လို့ မာစီးဒီးစ်အသင်းဖော် ဘော့တက်စ်ကိုအသာစီးယူနိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆုအတွက် (၃၉) မှတ်အထိ အမှတ်ဖြတ်နိုင်ခဲ့ပါတယ်။

ဟာမီလ်တန်ဟာ ပြိုင်ပွဲ (၁၀ )ရပ်အနက် ပြိုင်ပွဲ (၇) ရပ်မှာ ဗိုလ်စွဲခဲ့တာပါ။ ဟာမီလ်တန်ဟာ ပတ်လမ်းကို (၅၂) ကြိမ်မြောက်မောင်းနှင်ချိန်မှာ (၁) မိနစ် (၂၇.၃၆၉) စက္ကန့်ပဲကြာမြင့်ခဲ့ပြီး အမြန်ဆုံးမောင်းနှင်နိုင်မှုအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဟာမီလ်တန်ဟာ ဂျင်ကလက်ခ်၊ အလိန်းပရို့စ် (ဗြိတိန်ဂရင်းပရီပြိုင်ပွဲမှာ (၅) ကြိမ်စီ ဗိုလ်စွဲထား) တို့ကိုကျော်ဖြတ်ပြီး ဗြိတိန်ဂရင်းပရီပြိုင်ပွဲမှာ အကြိမ်ရေအများဆုံးဗိုလ်စွဲနိုင်သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top