အာရိုလ်စပန့်ဂျူနီယာ(သို့)မီခေးဂါစီယာတို့နဲ့ ထိုးသတ်ချင်နေတဲ့ ပက်ကွီအို

yyl-039.jpg

အခုနှစ်နှောင်းပိုင်းမှာ ကြိုးဝိုင်းထဲ ဝင်ရောက်လာမယ့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုဟာ ဝယ်တာဝိတ်တန်းရဲ့ အငြင်းပွားစရာမရှိ ချန်ပီယံအဖြစ် အဖြေထုတ်နိုင်ဖို့ IBF၊ WBC ချန်ပီယံခါးပတ်တွေ သိမ်းပိုက်ထားတဲ့ အမေရိကန်လက်ဝှေ့သမား အာရိုစပန့်ဂျူနီယာနဲ့ ထိုးသတ်ချင်သလို မီခေးဂါစီယာနဲ့လည်း ထိုးသတ်ဖို့ ဆန္ဒရှိနေပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိတဲ့ ပက်ကွီအိုဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လနောက်ပိုင်း ပထမဆုံး ပြန်လည်ထိုးသတ်မယ့်ပွဲစဉ်အတွက် လာမယ့်လကနေ စတင်လေ့ကျင့်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက လက်စ်ဗီးဂတ်စ်မြို့မှာ ကိ(သ်)သာမန်းကို အနိုင်ယူပြီး WBA စူပါခါးပတ် သိမ်းပိုက်ခဲ့တဲ့ ပက်ကွီအိုဟာ တစ်နှစ်လောက် ပွဲဝေးပြီးမှ ပြန်ထိုးရဖို့ ရှိနေပါတယ်။ လာမယ့်ပွဲစဉ်အတွက် သူ့ရဲ့ပြိုင်ဘက်ဖြစ်လာနိုင်သူတွေကို မေးမြန်းရာမှာ ပက်ကွီအိုက “အာရိုစပန့်ဂျူနီယာနဲ့ မီခေးဂါစီယာ ဖြစ်ဖို့ များတယ်။ လာမယ့်ဇူလိုင်လမှာ ကြိုးဝိုင်းထဲ ပြန်ဝင်လာဖို့ စီစဉ်ထားပါတယ်။ ဇူလိုင်လ ဒုတိယပတ်၊ တတိယပတ်လောက် ဖြစ်မယ်။ ဧပြီ၊ မေ၊ ဇွန်လတွေထဲမှာ လေ့ကျင့်ခန်း စလုပ်မယ်။ အချိန်လုံလောက်ပါတယ်။ ပြိုင်ဘက်တွေကတော့ အများကြီးပါ။ တာရန့်ခရောဖို့ဒ်လည်း ရှိတယ်။ ကနေဒါနဲ့ မက္ကဆီကိုလက်ဝှေ့သမားတွေထဲမှာလည်း ကျွန်တော့်ကို ထိုးချင်တဲ့သူတွေ ရှိပါတယ်’’လို့ ဖြေဆိုခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top