ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် လက်မှတ်မှာယူမှု သန်း (၂၀) နီးပါးရှိ

66721946_2483412031689702_1585224707571974144_n.jpg

ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် ပထမဆုံးလက်မှတ်ရောင်းချရေးကာလမှာ ယူအီးအက်ဖ်အေထံမှာယူတဲ့ လက်မှတ်အစောင်ရေ (၁၉.၃) သန်းရှိခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ယူရို-၂၀၁၆ ပြိုင်ပွဲမတိုင်ခင်က ပထမဆုံးလက်မှတ်ရောင်းချရေးကာလမှာ ယူအီးအက်ဖ်အေထံမှာယူတဲ့လက်မှတ်စောင်ရေ (၁၁) သန်းထိရှိခဲ့ဖူးပါတယ်။

အခုအခါမှာတော့ အဲဒီစံချိန်ကိုချိုးနိုင်ခဲ့ပါပြီ။ ယူအီးအက်ဖ်အေရဲ့ ”ပရိသတ်ဦးစားပေး” လက်မှတ်ရောင်းချရေးမူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် ဇွန်လ (၁၂) ရက်ကနေ ဇူလိုင်လ (၁၂) ရက်ကြားကာလအတွင်း လက်မှတ်အစောင်ရေ (၁.၅) သန်းနီးပါး ရောင်းချခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၁၂) ရက်နေ့ကျရင် ဝင်ဘလေကွင်းမှာကျင်းပမယ့် ယူရို-၂၀၂၀ ဗိုလ်လုပွဲအတွက် လက်မှတ်မှာယူမှု (၁.၉) သန်းရှိခဲ့တယ်လို့ ယူအီးအက်ဖ်အေက ပြောပါတယ်။ လက်မှတ်အများဆုံးမှာယူကြသူတွေကတော့ ဒေသခံတွေပါပဲ။

စိန့်ပီတာစဘတ်မြို့မှာကျင်းပမယ့် အုပ်စုအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အတွက် လက်မှတ်မှာယူမှုတွေထဲမှာ (၈၁) ရာခိုင်နှုန်းက ရုရှားပရိသတ်တွေဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လ (၁၂) ရက်နေ့ကနေ ဇူလိုင်လ (၁၂) ရက်နေ့ကြားကျင်းပမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲဟာ ယူရိုပြိုင်ပွဲကျင်းပတဲ့ နှစ် (၆၀) ပြည့် အခမ်းအနားဖြစ်ပါတယ်။ အဲဒီအတွက် ပထမဆုံးအကြိမ်အနေနဲ့ ဥရောပတလွှားမှာရှိတဲ့ မြို့ (၁၂) မြို့မှာ ကစားမှာပါ။ လာမယ့်ဒီဇင်ဘာလကျရင် ဒုတိယအသုတ်အဖြစ် လက်မှတ်ရောင်းချသွားမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top