မနက်စာကို သစ်သီးတစ်မျိုးတည်းစားသုံးခြင်းက ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေ

fruit01-1.jpg

အခုနောက်ပိုင်းတွေမှာ ကိုယ်အလေးချိန်ချတဲ့အနေနဲ့ မနက်စာအဖြစ် သစ်သီးတစ်မျိုးတည်းကိုသာ စားသုံးလာကြပါတယ်။ သစ်သီးတွေက မရှိမဖြစ်အရေးကြီးတဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဖြည့်စွက်စာတော့မဟုတ်ပါဘူး။ မနက်ခင်းပိုင်းကို အာဟာရမျှတစွာ စားသုံးမှ တစ်နေ့တာလုံး လန်းဆန်းတတ်ကြွစွာနဲ့ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ မနက်စာအဖြစ် သစ်သီးတစ်မျိုးတည်းသာ စားသုံးမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေရှိပါတယ်။ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာကို စာဖတ်ပရိသတ်တွေကို ပြောပြပေးလိုက်ရပါတယ်။

သကြားဓာတ်ပမာဏနည်းပါးခြင်း


ပြီးပြည့်စုံတဲ့မနက်စာဆိုတာက ကာဗွန်ဟိုက်ဒရိုတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပေါင်းစပ်ပါဝင်ထားတဲ့အစားအစာဖြစ်သင့်ပါတယ်။

ညပိုင်း (၇-၈) နာရီအိပ်ခဲ့ရတာကြောင့် တစ်နေ့တာလုံး သင့်ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေဖို့အတွက် မနက်ခင်းစာက အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်ရပါမယ်။ မနက်တိုင်းသစ်သီးတစ်မျိုးတည်းသာစားမယ်ဆိုရင် ကာဗွန်ဟိုက်ဒရိတ်ကရရှိတဲ့ ဂလူကို့ဓာတ်တွေမရှိတာကြောင့် သကြားဓာတ်ပမာဏလျော့နည်းသွားနိုင်ပါတယ်။

ကိုယ်အလေးချိန်တက်လာခြင်း


ဒါက ကျွန်တော်တို့တွေ ယုံကြည်လက်ခံထားတာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ တကယ်တော့ သစ်သီးတစ်မျိုးတည်းကိုသာ စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ တစ်နေ့တာရဲ့အစမှာ သင့်ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရကိုမရနိုင်တဲ့အတွက်ကြောင့်ပါပဲ။

အသားရေညစ်လာခြင်း


သစ်သီးက သင့်အသားအရေကို စိုပြေကောင်းမွန်အောင်ကူညီပေးပါတယ်။ ဒါပေမဲ့ သစ်သီးတွေကို မနက်ခင်းအစာအဖြစ် အစားထိုးတဲ့အခါမှာ အဲဒီလိုဖြစ်မလာပါဘူး။ အသားအရေညစ်လာနိုင်ပါတယ်။ မနက်ခင်းစာမှာ သစ်သီးကို စားသုံးလို့ရပေမဲ့ အဲဒါတစ်မျိုးတည်းကိုတော့ မစားသုံးသင့်ပါဘူး။

တစ်ချိန်လုံးဗိုက်ဆာနေခြင်း


သင့်မနက်ခင်းစာက အာဟာရဓာတ်ပြည့်ဝစွာမပါဝင်ရင် တစ်နေ့လုံးဗိုက်ဆာသလို ခံစားရနိုင်ပါတယ်။ ဗိုက်ဆာတယ်လို့ ခံစားရတာမကောင်းတဲ့အရာတော့မဟုတ်ပါဘူူး။ ဒါပေမဲ့ လိုတာထက် ပိုပြီးဗိုက်ဆာနေမယ်ဆိုရင်တော့ အာဟာရဓာတ်မပြည့်ဝတာဖြစ်နိုင်ပါတယ်။

ဝမ်းချုပ်ခြင်း


သစ်သီးတွေက အမျှင်ဓာတ်ကြွယ်ဝပေမဲ့ မနက်ခင်းစာကို သစ်သီးတစ်မျိုးတည်းစားသုံးမယ်ဆိုရင် ဝမ်းချုပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

အားအင်ကုန်ခန်းလာခြင်း


နောက်ထပ်ဖြစ်လာမယ့် အကျိုးဆက်ကတော့ အားအင်တွေ ကုန်ခန်းလာပါလိမ့်မယ်။ အာဟာရဓာတ်ပြည့်ဝတဲ့ မနက်ခင်းစာက တစ်နေ့လုံးကို အင်အားပြည့်နေစေမှာပါ။ သစ်သီးတစ်မျိုးတည်းကိုသာစားသုံးမယ်ဆိုရင် ဇီဝဖြစ်စဉ်တွေကိုနှေးကွေးသွားစေနိုင်ပါတယ်။

Ref: TOI “It is NOT okay to have just fruits for breakfast!”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top