တိုကျိုမြို့က ထိပ်ဆုံးက ဦးဆောင်နေတဲ့ ကမ္ဘာ့လုံခြုံစိတ်ချရဆုံးမြို့များ

japan01.jpg

ဘယ်သူပဲဖြစ်ဖြစ် တစ်နေရာရာကိုခရီးထွက်မယ်ဆိုရင် လုံခြုံစိတ်ချရတဲ့နိုင်ငံ၊ မြို့တွေကို သွားချင်ကြမှာပါ။ အခုဆိုရင် ခရီးသွားဧည့်သည်တွေ လုံခြုံစိတ်ချစွာ လည်ပတ်သွားလာနိုင်ဖို့အတွက် The Economist Intelligence Unit အဖွဲ့အစည်းရဲ့ 2019 Safe Cities Index က ကမ္ဘာတစ်ဝှမ်းက နေရာ (၆၀) စာရင်းကို ထုတ်ပြန်ထားပါတယ်။ အဲဒီနေရာ (၆၀) ရဲ့ ဒစ်ဂျစ်တယ်နည်းအရလုံခြုံရေး၊ ကျန်းမာရေးအန္တရာယ်ကင်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုတွေအရ အစဉ်လိုက်ထုတ်ပြန်ခဲ့တာပါ။
စာရင်းရဲ့ ထိပ်ဆုံးမှာရောက်ရှိနေတဲ့မြို့က ရမှတ်၁၀၀ မှာမှ ၉၂ .၀ ရမှတ်နဲ့ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးမြို့ဖြစ်တဲ့ တိုကျိုမြို့ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကတော့ ၉၁.၅ မှတ်နဲ့ ဒုတိယနေရာကို ရရှိထားသလို ဂျပန်နိုင်ငံရဲ့အခြားမြို့ဖြစ်တဲ့ အိုဆာကာကလည်း ရမှတ် ၉၀ နဲ့ တတိယနေရာကို ရရှိထားပါတယ်။ ဒီမြို့တွေက ၂၀၁၅ခုနှစ်နဲ့ ၂၀၁၇ခုနှစ်တွေတုန်းကလည်း SCI အမှတ်ဇယားရဲ့ ထိပ်ဆုံးနေရာ (၃) ခုကို ရောက်ရှိခဲ့ဖူးပါတယ်။

ခရီးသွားဧည့်သည်တွေအလာအများဆုံးဥရောပနိုင်ငံတွေဖြစ်တဲ့ အမ်စတာဒမ်မြို့ (Amsterda) နဲ့ ကိုပင်ဟေဂင်မြို့(Copenhagen) တွေကလည်း ထိပ်ဆုံး (၁၀) မြို့စာရင်းမှာ နံပါတ် (၄) နဲ့ နံပါတ် (၈) နေရာတွေကို အသီးသီးရရှိထားပါတယ်။ ချီကာကို (Chicago) က ထိပ်ဆုံး (၁၀) မြို့စာရင်းမှာ မပါဝင်ခဲ့ပေမဲ့ US ရဲ့ မြို့တော် ဝါရှင်တန်ဒီစီ (Washington DC) ကတော့ နံပါတ် (၇) နေရာမှာ ရောက်ရှိနေပါတယ်။

အရင်က SCI နားလည်ထားတဲ့ မြို့တော်လုံခြုံမှုဆိုတာက ပြောင်းလဲသွားခဲ့ပါတယ်။ အခုဆိုရင် လူတွေရဲ့စိတ်ထဲမှာ အကြမ်းဖက်မှုတွေ၊ ရာသီဥတုပြောင်းလဲမှုတွေလို ပြဿနာတွေရှိနေတဲ့အတွက် Safe Cities Index က အဲဒီလိုပြဿနာတွေကနေ ပြန်ဦးမော့နိုင်တဲ့မြို့တွေကို စဉ်းစားဆုံးဖြတ်ရွေးချယ်ရပါတယ်။ မြို့တစ်မြို့ရဲ့ ကြံ့ကြံ့ခိုင်နိုင်မှုကို ဆန်းစစ်ရင်း Safe Cities Index က အရေးပေါ်ဝန်ဆောင်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေးပံ့ပိုးမှုတွေ၊ အသက်အာမခံ၊ သဘာဝဘေးအန္တရာယ်ကင်းရှင်းရေး၊ ဆိုက်ဘာလုံခြုံရေးတွေကိုလည်း လေ့လာကြည့်ရှုခဲ့ရပါတယ်။

တိုကျိုမြို့က ဒစ်ဂျစ်တယ်နည်းအရလုံခြုံရေးကြောင့် နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပြီး စင်ကာပူနိုင်ငံက လမ်းပန်းဆက်သွယ်ရေးနဲ့ ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ လုံခြုံမှုတွေကြောင့် ဒုတိယနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၇ခုနှစ်က နံပါတ် (၉) နေရာရရှိခဲ့တဲ့ ဟောင်ကောင်နိုင်ငံက လွန်ခဲ့တဲ့လအနည်းက ဆူပူအုံကြွမှုတွေရှိခဲ့ပြီး ခရီးသွားဧည့်သည်အရေအတွက် နည်းပါးသွားတာကြောင့် အခုနှစ်မှာ နံပါတ် (၂၀) နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ စာရင်းရဲ့အောက်ဆုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံက မြို့တွေလည်း ပါဝင်နေတဲ့အတွက် မြို့တော်လုံခြုံစိတ်ချဖို့အတွက် ကြွယ်ဝချမ်းသာစရာမလိုဘူးဆိုတာကိုလည်း တွေ့ရပါတယ်။ စာရင်းရဲ့အောက်ဆုံးနေရာ (၅) ခုမှာရောက်ရှိနေတဲ့မြို့တွေက လေးဂို့စ်မြို့(Lagos)၊ ကရာကက်စ်မြို့(Caracas)၊ မြန်မာ (Myanmar)၊ ကရာချိမြို့(Pakistan)၊ ဒါကာမြို့ (Dhaka) မြို့တွေပါပဲ။

ကမ္ဘာ့လုံခြုံစိတ်ချရဆုံးမြို့(၁၀) မြို့စာရင်းကို စာဖတ်ပရိသတ်တွေသိအောင် ဖော်ပြပေးလိုက်ရပါတယ်။

၁ တိုကျို (Tokyo) – ဂျပန် (Japan)

၂ စင်ကာပူ (Singapore)

၃ အိုဆာကာ (Osaka) – ဂျပန် (Japan)

၄ အမ်စတာဒမ် (Amsterdam) – နယ်သာလန် (the Netherlands)

၅ ဆွီဒင် (Sydney) – သြစတြေးလျ (Australia)

၆ တိုရွန်တို (Toronto) – ကနေဒါ (Canada)

၇ ဝါရှင်တန်ဒီစီ (Washington DC) – US

၈ ကိုပင်ဟေဂင် (Copenhagen) – ဒိန်းမတ် (Denmark)

၉ ဆိုးလ် (Seoul) – တောင်ကိုရီးယား (South Korea)

၁၀ မဲလ်ဘုန်း ( Melbourne) – သြစတြေးလျ (Australia)

Ref: CNN “World’s safest city to visit in 2019 revealed by Economist Intelligence Unit”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top