ဘင်္ဂလားဒေ့ရှ်မှ သစ်ပင်လူသား

tree2.gif

သစ်ပင်လူသားရောဂါလို့ အလွယ်ခေါ်တဲ့ Epidermodysplasia verruciformis အမည်ရရောဂါဟာ ကမ္ဘာပေါ်ရှိ လူအနည်းငယ်မှာသာ ဖြစ်ပါတယ်။

နာမည်အကြီးဆုံးရောဂါသည်အဖြစ် အင်ဒိုနီးရှားမှာ အသက် (၃၄) နှစ်အရွယ် Dede အမည်ရ အမျိုးသားက ၂၀၀၇ ခုနှစ်မှဖြစ်ခဲ့ ပါတယ်။ ဖြစ်တာကြာပေမယ့် အဲ့ဒီတော့မှ လူသိများလာခြင်းဖြစ်ပါတ်။ ယခုတစ်ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် (၂၆)နှစ်အရွယ် Abul Bajandar အမည်ရ အမျိုးသားဖြစ်ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကမှ ခန္ဓာကိုယ်ကနေ ထူးဆန်းတဲ့အသားပိုများ ထွက်လာခြင်းဖြစ်ပါတယ်။ သူ့အသားပိုဟာ အခြားလူများကဲ့သို့အသားများ မဟုတ်ပဲ သစ်ပင်သစ်မြစ်များလို ခြောက်နေပါတယ်။ ခြောက်နေပေမယ့် ဖြတ်လို့မရပါဘူး။ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိခိုက်နာကျင်မှု ခံစားရပါတယ်။

အချို့အပိုင်းဟာလည်း သွေးအလိုအလျောက်ထွက်နေပြီး နာကျင်ခံစားရပါတယ်။ ခြေထောက်နဲ့ လက်တွေကနေ အဓိက ထွက်နေပါတယ်။ ယင်းသစ်ပင် အမြစ်ကဲ့သို့ ထွက်နေတဲ့အစိတ်အပိုင်းများကို ခွဲစိတ် ဖယ်ထုတ်ဖို့အတွက် တစ်နှစ်ဝန်းကျင်ကြာမှာကြောင်း ဆရာဝန်များက ဆိုပါတယ်။ အော်ပရေးရှင်းပေါင်း (၁၅) ခုခန့် ဝင်ရမယ်လို့ခန့်မှန်းထားပါတယ်။

အနည်းဆုံး (၉၀) ရာခိုင်နှုန်းလောက်အထိ ဖယ်ထုတ်နိုင်မယ်လို့ယုံကြည်ထားကြ ပါတယ်။ Abul ရဲ့ သစ်ပင်ပေါက်သလို ပေါက်နေတဲ့ရောဂါကြောင့် လူအများရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top