ဥရောပထိပ်တန်းလိဂ်တွေမှာ ရနိုင်ခဲတဲ့ စံချိန်သစ်တစ်ရပ် ရေးထိုးလိုက်တဲ့ ရော်နယ်ဒို

intl2107202004.jpg

လာဇီယိုကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေပြိုင်ပွဲတွေမှာ ဂိုး(၅၀) သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ လာဇီယိုနဲ့ပွဲမှာ ပင်နယ်တီကနေ ရော်နယ်ဒို သွင်းယူခဲ့တဲ့ဂိုးဟာ ဂျူဗင်တပ်အတွက် စီးရီးအေဂိုး ၅၀ မြောက်ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း စီးရီးအေမှာ အချိန်အမြန်ဆုံး ဂိုး(၅၀)ပြည့်မြောက်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒီရာသီမှာ ပင်နယ်တီကနေ ၁၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ တစ်ရာသီအတွင်း ပင်နယ်တီဂိုးအများဆုံး သွင်းယူနိုင်တဲ့ ဂူဆက်စပီဆစ်ဂနိုရီရဲ့ ၁၉၉၄-၉၅ စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူကစားသမားဘဝမှာ ၂၉၂ ပွဲ ကစားပြီး ၁၁၈ ဂိုး သွင်းယူနိုင်ခဲ့သလို ရီးရဲလ်အသင်းမှာလည်း ၄၃၈ ပွဲ ကစားပြီး ဂိုး ၄၅၀ သွင်းယူနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top