မျှတမှုမရှိတဲ့အခြေအနေကြောင့် ဒီရာသီအတွက် Ballon d’Or ဆု ပေးအပ်မှာ မဟုတ်

intl2107202005.jpg

မျှတမှုမရှိတဲ့ အခြေအနေကြောင့် ဒီရာသီမှာ Ballon d’Or ဆု ပေးအပ်ချီးမြှင့်မှာမဟုတ်ဘူးလို့ France Football မဂ္ဂဇင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ France Football မဂ္ဂဇင်းဟာ ၁၉၆၅ ခုနှစ်ကတည်းကစပြီး Ballon d’Or ဆုကို ပေးအပ်ချီးမြှင့်လာခဲ့တာဖြစ်ပြီး ဆုပေးအပ်မှုသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အနေနဲ့ ဒီရာသီအတွက် အကောင်းဆုံးဆုတွေ ပေးအပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ Ballon d’Or ဆုကို မက်ဆီနဲ့ ရော်နယ်ဒိုနှစ်ဦးတည်း( ၂၀၁၈ ခုနှစ်မှာ မိုဒရစ် ဆုရခဲ့တာကလွဲလို့) ဆွတ်ခူးခဲ့ပါတယ်။ မက်ဆီက အဲဒီဆုကို ၆ ကြိမ် ဆွတ်ခူးခဲ့ပြီး ရော်နယ်ဒိုက ဒီဆုကို ၅ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ရဲ့ Ballon d’Or ဆုကို မက်ဆီ၊ ရော်နယ်ဒို၊ လီဝမ်ဒေါစကီးနဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့ ပြိုင်ဆိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားကြပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးလောကမှာ ကသောင်းကနင်းအခြေအနေတွေ ကြုံတွေ့ခဲ့လို့ ဒီရာသီအတွက် ဆုမပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

” မျှတမှုဆိုတာ ဂုဏ်ယူစရာကောင်းတဲ့ ဒီဆုတံဆိပ်ကို တောက်ပဝံ့ကြွားစေပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက မမျှတပါဘူး။ အထူးသဖြင့် ကိန်းဂဏန်းအချက်အလက်ပိုင်းနဲ့ ပြင်ဆင်မှုပိုင်းပေါ့။ ဆုအတွက် ရွေးချယ်မယ့်သူတွေကို မျှမျှတတ နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ တချို့ကစားသမားတွေက ပွဲနည်းနည်းလေးနဲ့ ရာသီရပ်နားခဲ့ရပြီး တချို့ကတော့ မရပ်နားရပါဘူး။ ဒီတော့ ယှဉ်လို့မရနိုင်တာတွေကို ဘယ်လိုနှိုင်းယှဉ်မှာလဲ”လို့ France Football မဂ္ဂဇင်းက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top