ရီးရဲမက်ဒရစ်တိုက်စစ်မှုး စီရော်နယ်ဒို ကမ္ဘာအကောင်းဆုံးဆုကို ၅ ကြိမ်မြောက်ရရှိ

99116299_ron_getty2.jpg

ရီးရဲမက်ဒရစ်အသင်း တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ပြိုင်ဘက် မက်ဆီကို ကျော်ဖြတ်ပြီးကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုBallon d’Or ကိုရရှိသွားခဲ့တယ်လို့သိရပါတယ်။

စီရော်နယ်ဒိုဟာအဆိုပါ ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကို ၅ ကြိမ်မြောက်ရယူနိုင်ခဲ့ခြင်းဖြစ်ရာ ဘာစီလိုနာတိုက်စစ်မှုး မက်ဆီရရှီတဲ့အရေအတွက်နဲ့ တူညီသွားပြီဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲမက်ဒရစ် အသင်းကို ၂၀၁၂ ခုနှစ် နောက်ပိုင်းလာလီဂါချန်ပီယံဆုကို ပထမဆုံးရယူနိုင်ဖို့နဲ့ ချန်ပီယံလိဂ် ဖလားချန်ပီယံဆုရယူနိုင်ဖို့ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဆုချီးမြှင့်ခံရတာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ကမ္ဘာအကောင်းဆုံးဘောလုံးသမားကို ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄ ၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တို့မှာရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုချီးမြှင့်ပွဲကို အီဖယ်မျှော်စင်မှာကျင်းပခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုက နှစ်တိုင်းကိုအကောင်းဆုံးဖြစ်စေဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ဆုရယူနိုင်အောင် ကူညီပေးခဲ့တဲ့အသင်းဖော်တွေကို ကျေးဇူးတင်တယ်လို့ပြောခဲ့ပါတယ်။ ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆုအတွက် နောက်ဆုံးဆန်ကာတင်ထဲမှာကျန်နေသူ ၃ ဦးကို ကမ္ဘာတဝှမ်းက ဂျာနယ်လစ် ၁၇၃ ဦးက မဲပေးဆန္ဒပြုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကိုစီရော်နယ်ဒို ကရရှိခဲ့ပြီး မက်ဆီ ကဒုတိယနဲ့ ပီအက်ဂျီတိုက်စစ်မှုးနေမာက တတိယနေရာမှာရှိနေခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : BBC : Ronaldo wins fifth Ballon d’Or award

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top