Boss n Hug connection နဲ့ မကျေပွဲနွဲချင်နေတဲ့ နပန်းစူပါစတား မန်ဒီရို့စ်

s2-e1551856906315.jpg

WWE အမျိုးသမီး နပန်းစူပါစတား မန်ဒီရို့စ်က Wrestlemania ပြိုင်ပွဲမှာ သူ့ရဲ့ ဒုတိယမြောက်ပွဲစဉ်အဖြစ် Boss n Hug connection လို့ လူသိများတဲ့ အမျိုးသမီး နှစ်ယောက်တွဲအဖွဲ့နဲ့ ယှဉ်ပြိုင်ချင်တယ်လို့ ထုတ်ပြောလာပါတယ်။

၂၀၁၉ ခုနှစ်အတွက် ကျင်းပတဲ့ Elimination Chamber ပြိုင်ပွဲမှာ မန်ဒီရို့စ်နဲ့ သူ့ရဲ့အသင်းဖော် ဆွန်ညာဒီဗေးက တက်ညီလက်ညီ အစွမ်းပြနိုင်ခဲ့ပေမဲ့ ချန်ပီယံခါးပတ် မရခဲ့ပါဘူး။ ဘေလေးဘန့်နဲ့ ဆာရှာဘန့်တို့ရဲ့ Boss n Hug connection အဖွဲ့က ချန်ပီယံဆု ဆွတ်ခူးသွားခဲ့ပါတယ်။ အရင်တုန်းက Tough Enough ပြိုင်ပွဲဝင်တွေဖြစ်တဲ့ မန်ဒီရို့စ်၊ ဆွန်ညာဒီဗေးတို့အတွဲနဲ့ ယှဉ်ပြိုင်ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်ပွဲ ကစားချင်တယ်လို့ ဘေလေးဘန့်နဲ့ ဆာရှာဘန့်က ပြောပါတယ်။

မန်ဒီရို့စ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ Empress of Tomorrow လို့ လူသိများတဲ့ ဂျပန်နပန်းကြယ်ပွင့် အဆုကာနဲ့ အမျိုးသမီး Smackdown ချန်ပီယံခါးပတ်လုပွဲ ယှဉ်ပြိုင်ရမှာပါ။ အဲဒီပွဲပြီးရင် Boss n Hug connection နဲ့ နှစ်ယောက်တွဲပွဲစဉ် ကစားချင်တယ်လို့ မန်ဒီရို့စ်က ပြောပါတယ်။

Nz (ရိုးရာလေး)

(Unicode)

Boss n Hug connection နဲ႔ မေက်ပြဲႏြဲခ်င္ေနတဲ့ နပန္းစူပါစတား မန္ဒီ႐ုိ႕စ္

WWE အမ်ဳိးသမီး နပန္းစူပါစတား မန္ဒီ႐ုိ႕စ္က Wrestlemania ၿပိဳင္ပြဲမွာ သူ႔ရဲ႕ ဒုတိယေျမာက္ပြဲစဥ္အျဖစ္ Boss n Hug connection လုိ႔ လူသိမ်ားတဲ့ အမ်ဳိးသမီး ႏွစ္ေယာက္တြဲအဖြဲ႔နဲ႔ ယွဥ္ၿပိဳင္ခ်င္တယ္လုိ႔ ထုတ္ေျပာလာပါတယ္။

၂၀၁၉ ခုႏွစ္အတြက္ က်င္းပတဲ့ Elimination Chamber ၿပိဳင္ပြဲမွာ မန္ဒီ႐ုိ႕စ္နဲ႔ သူ႔ရဲ႕အသင္းေဖာ္ ဆြန္ညာဒီေဗးက တက္ညီလက္ညီ အစြမ္းျပႏုိင္ခဲ့ေပမဲ့ ခ်န္ပီယံခါးပတ္ မရခဲ့ပါဘူး။ ေဘေလးဘန္႔နဲ႔ ဆာရွာဘန္႔တုိ႔ရဲ႕ Boss n Hug connection အဖြဲ႕က ခ်န္ပီယံဆု ဆြတ္ခူးသြားခဲ့ပါတယ္။ အရင္တုန္းက Tough Enough ၿပိဳင္ပြဲဝင္ေတြျဖစ္တဲ့ မန္ဒီ႐ုိ႕စ္၊ ဆြန္ညာဒီေဗးတုိ႔အတြဲနဲ႔ ယွဥ္ၿပိဳင္ၿပီး ခ်န္ပီယံခါးပတ္ကုိ ကာကြယ္ပြဲ ကစားခ်င္တယ္လုိ႔ ေဘေလးဘန္႔နဲ႔ ဆာရွာဘန္႔က ေျပာပါတယ္။

မန္ဒီ႐ုိ႕စ္ဟာ လာမယ့္တနဂၤေႏြေန႔မွာ Empress of Tomorrow လုိ႔ လူသိမ်ားတဲ့ ဂ်ပန္နပန္းၾကယ္ပြင့္ အဆုကာနဲ႔ အမ်ဳိးသမီး Smackdown ခ်န္ပီယံခါးပတ္လုပြဲ ယွဥ္ၿပိဳင္ရမွာပါ။ အဲဒီပြဲၿပီးရင္ Boss n Hug connection နဲ႔ ႏွစ္ေယာက္တြဲပြဲစဥ္ ကစားခ်င္တယ္လုိ႔ မန္ဒီ႐ုိ႕စ္က ေျပာပါတယ္။

Nz (႐ိုးရာေလး)

(Zawgyi)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top