တစ်ရက်မှ ခွင့်မယူခဲ့တဲ့ အဘွားအိုက ၇၄ နှစ်အကြာမှာ အလုပ်ကနေ အငြိမ်းစားယူ

10.7.23-yyl-7.jpg

တက္ကဆပ်ပြည်နယ်က အသက် ၉၀ အရွယ်အဘွားအိုဟာ စတိုးဆိုင်ကြီးတစ်ခုမှာ ၇၄ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့အတွက် သတင်းခေါင်းကြီးပိုင်းမှာ ပါလာခဲ့ပါတယ်။ မယ်လ်ဘာ မီဘိန်းအမည်ရတဲ့ အဲဒီအဘွားအိုက မကြာသေးခင်ကမှ အဲဒီစတိုးဆိုင်ကနေ အနားယူလိုက်ပါပြီ။ အဘွားမယ်လ်ဘာဟာ သူ အလုပ်လုပ်တဲ့ ၇၄ နှစ်လုံး တစ်ခါမှ ခွင့်ယူတာမျိုးမရှိခဲ့တာပါ။

၁၉၄၉ ခုနှစ်မှာ အဘွားမယ်လ်ဘာက Mayer & Schmidt စတိုးဆိုင်ကြီးမှာ ဓာတ်လှေကားတာဝန်ယူရတဲ့ဝန်ထမ်းအဖြစ် သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းစတင်ခဲ့တာပါ။ ၁၉၅၆ ခုနှစ်ကျတော့ Dillard’s ကုမ္ပဏီက ဒီစတိုးဆိုင်ကို ဝယ်ယူခဲ့ပါတယ်။ အဘွားမယ်လ်ဘာကလည်း အမျိုးသားအဝတ်နဲ့ အလှကုန်ပစ္စည်းဘက်ကို အလုပ်ကူးပြောင်းခဲ့ပါတယ်။ အဘွားက အရောင်းသမားတစ်ယောက်တင်မကဘဲ မိခင်တစ်ယောက်၊ လမ်းညွှန်ပြသတဲ့သူ၊ ဘဝအကြံဉာဏ်ပေးတဲ့သူလည်းဖြစ်တယ်၊ အရမ်းဩချလောက်စရာကောင်းတယ်လို့ စတိုးဆိုင်မန်နေဂျာက ဆိုပါတယ်။

စတိုးဆိုင်က လူတိုင်းကို ချစ်ခင်တန်ဖိုးထားပြီး နေ့တိုင်းအလုပ်လုပ်ရတာပျော်တယ်လို့ အဘွားမယ်လ်ဘာက ပြောပါတယ်။ အလုပ်ကနေ အနားယူလိုက်တဲ့ အဘွားအတွက် နှုတ်ဆက်ဂုဏ်ပြုပွဲကို ပြီးခဲ့တဲ့စနေနေ့က ကျင်းပပေးခဲ့ပါတယ်။ အဘွားကို စတိုးဆိုင်ရဲ့လုပ်သက်အကြာဆုံးဝန်ထမ်းအဖြစ် ဂုဏ်ပြုပေးခဲ့ပြီး ဂုဏ်ပြုလက်မှတ်လည်းရခဲ့ပါတယ်။

အဘွားမယ်လ်ဘာက သူ့သားကို တစ်ယောက်တည်းပြုစုပျိုးထောင်လာခဲ့တာပါ။ သူ့သား တယ်ရီက အခုဆို ဘဏ္ဍာရေးအကြံပေးအလုပ်ကို လုပ်ကိုင်နေပါပြီ။ အဘွားမယ်လ်ဘာက အလုပ်ကနေ အငြိမ်းစားယူပြီးနောက် အနားယူတာ၊ ခရီးသွားတာနဲ့ အရသာရှိတဲ့အစားအစာတွေစားတာတွေလုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။

Ref: 90-Year Old Woman Retires After 74 Years Without Missing A Single Day Of Work

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top