ကမ္ဘာ့အဝိုင်းစက်ဆုံး ရေကန်

3.6.2023-yyl-5.jpg

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ကင်စလေရေကန် (ငွေဒင်္ဂါးရေကန်)ဟာ ကမ္ဘာပေါ်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အဝိုင်းစက်ဆုံးရေကန်ပါပဲ။ ကင်စလေရေကန် ဘယ်လောက်ဝိုင်းစက်သလဲဆိုတာ အပေါ်ဘက်က ကြည့်ရင် ပိုသိသာပါတယ်။ ငွေဒင်္ဂါးရေကန်ဆိုတဲ့အမည်ကတော့ ရေကန်ပေါ် ဖြတ်ကျော်ပျံသန်းကြတဲ့ လေယာဉ်မှူးတွေ ချစ်စနိုး ခေါ်ကြတဲ့အမည်ပါ။

အချင်း ၂ မိုင်၊ ကမ်းခြေအရှည် ၅.၅ မိုင်၊ အနက် ပေ ၉၀ ရှိတဲ့ ကင်စလေရေကန်ဟာ ဖလော်ရီဒါပြည်နယ်မှာ အနက်ဆုံးရေကန်တစ်ကန်ဖြစ်ပြီး ကကတစ်ငါး ဖမ်းလို့ အကောင်းဆုံး နေရာတစ်ခုပါ။ ကင်စလေရေကန်ဟာ လူဖန်တီးထားတဲ့ ရေကန်မဟုတ်ဘဲ သဘာဝအတိုင်း ဝိုင်းစက်စွာ ဖြစ်ပေါ်နေတာကြောင့် ထူးခြားတာဖြစ်ပါတယ်။

Ref: Kingsley Lake – The World’s Most Circular Lake

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top