Black Knight ဒရာမာစီးရီးမှာ တွဲဖက်သရုပ်ဆောင်ကြမယ့် ကင်ရေးဝန်နဲ့ ရှင်းဆဲဂျောင်း

sola.jpg

Doctors စီးရီးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဆက်လက်ရရှိထားတဲ့ ကိုရီးယားမင်းသား ကင်ရေးဝန်နဲ့ လက်ရှိအောင်မြင်နေတဲ့ Bride of the Water God ရဲ့ မင်းသမီး ရှင်းဆဲဂျောင်းတို့နှစ်ဦး တွဲဖက်ပြီး Black Knight ဆိုတဲ့ ဒရာမာစီးရီးမှာ သရုပ်ဆောင် သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

အခုထိတော့ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သူတို့ရဲ့ အေဂျင်စီတွေကတော့ သူတို့နှစ်ဦးလုံးက ပါဝင်သရုပ်ဆောင်ဖို့ စဉ်းစားနေကြတယ်လို့ ဆိုပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖြစ်မယ် ဆိုရင်တော့ ကင်ရေးဝန်ကို အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရှင်းဆဲဂျောင်းကိုတော့ နိုင်ငံခြားခရီး တစ်ခါမှမသွားဖူးတဲ့ Travel Agency က ဝန်ထမ်း တစ်ယောက် အနေနဲ့ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ သူ (ကင်ရေးဝန်) နဲ့ စီးပွားရေး အတွက် ရုန်းကန်နေရပြီး လက်မထပ်ရသေးတဲ့ အဒေါ်ကိုပါ ထောက်ပံ့နေရတဲ့ သူမ (ရှင်းဆဲဂျောင်း) တို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးသွားမှာပါ။ ကိုယ်ချစ်တဲ့ မိန်းကလေးအတွက် အန္တရယ်ကြီးလွန်းတဲ့ ကံကြမ္မာကို ရင်ဆိုင်သွား တဲ့ ယောက်ျားတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ သဘာဝလွန် စိတ်ကူးယဉ် အချစ်ဇာတ်လမ်း အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

Black Knight စီးရီးကိုတော့ KBS ကနေ ရိုက်ကူးထုတ်လွှင့်သွားမှာဖြစ်ပြီး ဒီဇင်ဘာလမှာ ပြသသွားမှာ ဖြစ်ပါတယ်။

Ref: Drama Beans: Shin Se-kyung and Kim Rae-won up for romance drama Black Knight

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top