ဖိနပ်ပုံကို ရွှေအဖြစ်ပြောင်းလဲသူများ

shoe.gif

ဖိနပ်ကို ရွှေအဖြစ်တော့ ပြောင်းလဲလို့ မရပါဘူး။ ဒါပေမယ့် သူ့ကို တစ်နည်းတစ်ဖုံဖြင့် ပြုပြင်ပြောင်းလဲရင် ရွှေဝယ်ဖို့ လုံလောက်မယ့် ငွေရအောင် စုနိုင်မှာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ တာယာ အဟောင်းတွေကို ဖိနပ်ဖြစ်အောင်လုပ်သလို၊ သစ်သားတွေကို ခုံဖိနပ်ဖြစ်အောင် လုပ်သလို ကင်ညာနိုင်ငံမှာလည်း ဖိနပ် အဟောင်း အပျက်တွေကို အရုပ်ဖြစ်အောင် ဖန်တီးပါတယ်။

ကင်ညာဟာ ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် စီးပွားရေးဟာ တိုးတက်လာတဲ့ အနေအထားမှာ ရှိပါတယ်။ ရှိတဲ့ နိုင်ငံသားများအနေနဲ့ တစ်နည်းတစ်ဖုံဖြင့် စီးပွားကြိုးစားရှာကြပြီး ပုံမှာမြင်တွေ့ရတဲ့လုပ်ငန်းဟာ ဖိနပ်ကို အရုပ်အဖြစ် ပြောင်းလဲတဲ့ လုပ်ငန်းဖြစ်ပါတယ်။ စွန့်ပစ်ထားတဲ့ ဖိနပ်ပျက်များကို စုစည်းပြီးတော့ နီးစပ်ရာ မြစ်ရေ၊ ပင်လယ်ရေများနဲ့ သေချာ ဆေးကြောပါတယ်။ ဒါကြောင့်မို့ သန့်ရှင်းရန် ပြုလုပ်တဲ့ စရိတ်က သက်သာသွားပါတယ်။ စနစ်တကျ သန့်ရှင်းအောင် အဆင့်ဆင့် လျှော်ဖွတ်ပြီး နောက်ဆုံးရလာတဲ့ ဖိနပ်တွေကို ဖြတ်ရန်ရှိတာ ဖြတ်၊ ဆက်ရန်ရှိတာ ဆက်ပြီးတော့ အရုပ်ပေါင်းများစွာ ပြုလုပ်ပါတယ်။

အရုပ်က တစ်ခုနဲ့တစ်ခု မတူသလို အရုပ်အမျိုးအစားနဲ့ အရွယ်အစားပေါ် မူတည်ပြီးတော့ ဈေးနှုန်း အမျိုးမျိုးဖြင့် ရောင်းချပါတယ်။ အဓိကကတော့ အာဖရိက တွေ့မြင်ရလေ့ရှိတဲ့ တောကောင်များရဲ့ အသွင်များကို ဖန်တီးခြင်း ဖြစ်ပါတယ်။ ပြည်တွင်းတင်မက ပြည်ပပို့တဲ့ ယင်းစီးပွားရေးလုပ်ငန်းဟာ အသေးစားကနေ တဖြည်းဖြည်း ကြီးမားလာခြင်း ဖြစ်ပါတယ်။ အများနဲ့မတူပဲ ကိုယ်ပိုင်တီထွင်ကြံဆမှုကြောင့် နိုင်ငံတကာက ရွေးချယ်တဲ့ စွန့်ဦးတီထွင်မှု ဆုအချို့ကိုလည်း ရရှိထားတဲ့လုပ်ငန်း ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top