ပူတင်ကို လုပ်ကြံပြီး ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် တိုက်တွန်း

3-3-2022-yyl16.jpg

ပူတင်ကို လုပ်ကြံပြီး ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် တိုက်တွန်းအတွင်းစည်းထဲမှာပါဝင်သူ တစ်ယောက်ယောက်က ပူတင်ကို လုပ်ကြံပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးဖို့ အမေရိကန်အထက်လွှတ်တော်အမတ်က တွစ်တာကနေ တိုက်တွန်းခဲ့ပါတယ်။ ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ကျူးကျော်စစ်ကို အဆုံးသတ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ပူတင်ကို လုပ်ကြံရှင်းလင်းဖို့ပဲလို့ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ် ရီပတ်ဗလစ်ကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က ပြောပါတယ်။” မင်းနိုင်ငံနဲ့ ကမ္ဘာကြီးအတွက် အံ့မခန်းထမ်းဆောင်မှု ဖြစ်ပါလိမ့်မယ်။

ရုရှားမှာ ဘရူးတပ်စ်တစ်ယောက်လောက် ရှိမလား။ ရုရှားစစ်တပ်ထဲမှာရော ပိုအောင်မြင်တဲ့ ဗိုလ်မှူးကြီး စတက်ဖင်ဘာ့ဂ်တစ်ယောက်လောက် ရှိမလား” လို့ လင်ဆေးဂရေဟမ်က တွစ်တာပေါ်မှာ ရေးသားခဲ့တာပါ။ ဘရူးတပ်စ်ဟာ ဂျူးလီးယက်စ်ဆီဆာကို လုပ်ကြံခဲ့တဲ့ ရောမနိုင်ငံရေးသမားဖြစ်ပြီး ဂျာမန်ဗိုလ်မှူးကြီး ကလော့စ်ဗွန်စတက်ဖင်ဘာ့ဂ်ကတော့ ၁၉၄၄ ခုနှစ်မှာ ဟစ်တလာကို လုပ်ကြံဖို့ ကြိုးစားခဲ့သူပါ။ လင်ဆေးဂရေဟမ်းရဲ့မှတ်ချက်က လက်မခံနိုင်စရာဖြစ်ပြီး ဒေါသထွက်စရာကောင်းတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် အန်တိုနော့ဗ်က တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရုရှားမုန်းတီးရေးအတိုင်းအတာက စည်းလွတ်ဘောင်လွတ် ဖြစ်နေပြီလို့ သူက ဆိုခဲ့ပါတယ်။

Ref: BBC “Russian anger as Senator Lindsey Graham calls for Putin’s assassination”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply