သူ့ဘဝမှာ ရင်ဆိုင်ဖို့အခက်ခဲဆုံးပြိုင်ဘက်နဲ့ အကောင်းဆုံး အသင်းဖော်ကို ရိုင်ယန်ဂစ် ထုတ်ပြော

26-5-2020-yyl-012.jpg

မန်ယူအသင်း ဂန္ထဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်က သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ရင်ဆိုင်ဖို့ အခက်အခဲဆုံး ပြိုင်ဘက်နဲ့ အကောင်းဆုံး အသင်းဖော်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အင်တာမီလန်အသင်းခေါင်းဆောင်ဟောင်း ဂျာဗီးယားဇနက်တီကတော့ သူ့ဘဝမှာ ရင်ဆိုင်ဖို့ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်တယ်လို့ ရိုင်ယန်ဂစ်က ပြောပါတယ်။

၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ မန်ယူနဲ့ အင်တာမီလန်အသင်း တွေ့ဆုံခဲ့ပြီး အဲဒီအချိန်တုန်းက ဂျာဗီးယားဇနက်တီကြောင့် ရိုင်ယန်ဂစ် နှာခေါင်းကျိုးခဲ့ဖူးပါတယ်။ ရိုင်ယန်ဂစ်နဲ့ ဂျာဗီးယားဇနက်တီဟာ သူတို့ရဲ့ ကစားသမားဘဝမှာ ၄ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ ရိုင်ယန်ဂစ်က သူနဲ့ တွဲဖက်ကစားခဲ့ဖူးသူတွေထဲမှာ အကောင်းဆုံးကစားသမားတွေအဖြစ် ရော်နယ်ဒိုနဲ့ ပေါစခိုးလ်တို့ကို ရွေးချယ်ခဲ့ပါတယ်။ ” ရော်နယ်ဒိုက အကောင်းဆုံး ကစားသမားပါ။ ဒါပေမဲ့ သူက ကျွန်တော်တို့နဲ့ အချိန်တိုတိုလေးပဲ အတူရှိခဲ့တယ်။ ပေါစခိုးလ်ကတော့ ယူနိုက်တက်မှာ ကျွန်တော်တွဲကစားဖူးတဲ့ အကောင်းဆုံးအသင်းဖော်ပါပဲ”လို့ ရိုင်ယန်ဂစ်က ပြောပါတယ်။ ရိုင်ယန်ဂစ်နဲ့ ပေါစခိုးလ်တို့ဟာ မန်ယူအသင်းမှာ ပွဲပေါင်း ၄၀၀ ကျော် တွဲဖက်ကစားခဲ့ဖူးပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top