Moderna ရဲ့ဒေတာတွေကို မှီငြမ်းပြီး တောင်အာဖရိကမှာ ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်

4-2-2022-yyl02-1.jpg

တောင်အာဖရိကနိုင်ငံရဲ့ သိပ္ပံပညာရှင်တွေဟာ Moderna ကိုဗစ်ကာကွယ်ဆေးကို စံနမူနာယူပြီး ပြည်တွင်းဖြစ် ကာကွယ်ဆေး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကိတ်တောင်းမြို့ အခြေစိုက် Afrigen Biologics ဇီဝနည်းပညာကုမ္ပဏီဟာ Moderna ကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေး ဖော်စပ်မှုနဲ့ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြန်ထားတဲ့ ဒေတာတွေကိုယူကာ ကာကွယ်ဆေး ဖော်စပ်ခဲ့ကြတာပါ။

Afrigen Biologics ဇီဝနည်းပညာကုမ္ပဏီရဲ့ ကာကွယ်ဆေး ထုတ်လုပ်မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အားပေးထောက်ခံထားပြီး လာမယ့်နိုဝင်ဘာလကျရင် လူသားတွေကို စမ်းသပ်ထိုးနှံပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ Moderna ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇတစ်စိတ်တစ်ပိုင်းကို အသုံးပြုဖော်စပ်တဲ့ mRNA နည်းပညာ ကာကွယ်ဆေးပါ။ သူတို့ရဲ့ ကာကွယ်ဆေးကို မူပိုင်ခွင့်တင်မှာ မဟုတ်ဘူးလို့ Moderna က ပြောခဲ့ဖူးပေမဲ့ Afrigen Biologics ဇီဝနည်းပညာကုမ္ပဏီရဲ့ ကာကွယ်ဆေး ထုတ်လုပ်မှုမှာတော့ ကူညီပံ့ပိုးပေးခဲ့ခြင်း မရှိပါဘူး။

တောင်အာဖရိကနိုင်ငံမှာ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီဖြစ်လို့ အာဖရိကတိုက်မှာ ကာကွယ်ဆေး ထိုးနှံမှု သိသိသာသာ မြင့်တက်လာဖို့ မျှော်လင့်နေပါတယ်။ အာဖရိကတိုက်ဟာ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး ထိုးနှံမှုနှုန်း အနည်းဆုံးဖြစ်နေပါတယ်။
လက်တင်အမေရိကဒေသရဲ့ သိပ္ပံပညာရှင်တွေ ဒေသတွင်းမှာ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက်လည်း Afrigen Biologics ဇီဝနည်းပညာကုမ္ပဏီရဲ့အဖွဲ့က ကူညီပေးဖို့ ကမ်းလှမ်းထားပါတယ်။

Ref: BBC & Aljazeera “S Africa’s Afrigen makes mRNA COVID vaccine using Moderna data”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top