ဆံပင်ပုံသွင်းဆေးရဲ့ အချိန်ကုန်သက်သာစေတဲ့ အခြားအသုံးဝင်မှုများ

13007157_1543752899254086_657934000552180364_n.jpg

သင်က ဆံပင်ပုံသွင်းဆေးကို နေ့တိုင်း အသုံးမပြုရင်တောင် ပွဲလမ်းသဘင်သွားတဲ့အခါမျိုးအတွက် အိမ်မှာတော့ သေချာပေါက် သိမ်းထားလောက်မှာပါ။ ဒါပေမဲ့ ဆံပင်ပုံသွင်းဆေးက ဆံပင်ကို ပုံသွင်းပေးတဲ့အပြင် အခြားအသုံးဝင်မှုများစွာရှိတယ်ဆိုတာ သင်သိပါသလား။ အခုအကြောင်းအရင်းလေးကို ဖတ်ပြီးသွားရင် ဆံပင်ပုံသွင်းဆေးကို လိုချင်မိသွားမယ် ထင်ပါတယ်။ ဆံပင်ပုံသွင်းဆေးအသုံးပြုဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ ဒီနည်းလမ်းတွေက သင့်အချိန်တွေကို သက်သာစေမှာဖြစ်ပါတယ်။

မျက်တောင်ကော့ဆေးအဟောင်းနဲ့ ဆံပင်ပုံသွင်းဆေးကို အသုံးပြုပြီး မျက်ခုံးမွှေးဆွဲလို့ရပါတယ်။

အပ်ပေါက်ထိုးရတာ ခက်နေရင် အပ်ပေါက်ထဲကို ချည်မထိုးခင် ချည်ရဲ့အဖျားလေးကို ဆံပင်ပုံသွင်းဆေးဖြန်းပေးလိုက်လို့ရပါတယ်။

ဂျင်းဘောင်းဘီဇစ် အောက်ကို ကျကျနေတဲ့အခါလည်း ကာကွယ်ပေးပါတယ်။

ခန်းစီးလိုက်ကာတွေ ဖုန်မတက်ဘဲ အချိန်အကြာကြီး တောက်ပနေချင်ရင်လည်း ဆံပင်ပုံသွင်းဆေးကို အသုံးပြုလို့ရပါတယ်။

ဆံပင်ပုံသွင်းဆေးကို အသုံးပြုပြီး အဝတ်အထည်တွေက မင်အစွန်းတွေကို ဖယ်ရှားလို့ရပါတယ်။ မင်အစွန်းရှိတဲ့နေရာကို ဆံပင်ပုံသွင်းဆေးကို ဖြန်းလိုက်ပြီး မိနစ်အနည်းငယ်လောက် ထားလိုက်ပါ။ အဲဒီနောက် အဝတ်လျှော်လိုက်ရုံပါပဲ။

အဝတ်အစားမှာ ကပ်နေတဲ့ တိရစ္ဆာန်အမွေးတွေကို မျက်နှာသုတ်ပုဝါမှာ ဆံပင်ပုံသွင်းဆေးဖြန်းပြီး ဖယ်ရှားလို့ရပါတယ်။

ဆံပင်ပုံသွင်းဆေးနဲ့ မိနစ်အနည်းငယ်အတွင်း လက်သည်းနီခြောက်အောင် လုပ်လို့ရပါတယ်။

ဆံပင်ပုံသွင်းဆေးကို အသုံးပြုပြီး ဒေါက်မြင့်စီးတဲ့အခါ လျှောမကျအောင်၊ ချော်မကျအောင် သင့်ခြေထောက်ကို ကာကွယ်ပေးလို့ရပါတယ်။

ပန်းပွင့်တွေ အချိန်အကြာကြီးခံဖို့အတွက် ရိုးတံနဲ့ အရွက်တွေပေါ်မှာ ဆံပင်ပုံသွင်းဆေးကို အသုံးပြုနိုင်ပါတယ်။

ဖိနပ်ကြိုးပြေတာတွေ မဖြစ်အောင် ဆံပင်ပုံသွင်းဆေးနဲ့ ကာကွယ်လို့ရပါတယ်။

Ref: Brightside “Easy Hairspray Hacks That Will Save Tons of Your Time”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top