အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့

image1-1.jpg

လူတိုင်းမှာတော့ ဖြစ်ချင်တဲ့ရင်ထဲက အိပ်မက်လေးတွေ၊ လက်ရှိမှာ အခွင့်မသာသေးလို့ သိုဝှက်ထားတဲ့ အိပ်မက်တွေ ရှိကြမှာပါ။ ဒီအိပ်မက်တွေကို လက်တွေ့ကမ္ဘာထဲ ဘယ်လိုယူဆောင်လာကြမလဲ။ အကောင်အထည်ဖော်နိုင်အောင် ဘယ်လိုကြိုးစားကြမလဲ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ယုံကြည်မှုရှိပါ
ယုံကြည်မှုက အရာရာကို ကျော်လွှားနိုင်ပါတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ရာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့လိုအပ်ပါတယ်။ တော်တော်များများက ဖြစ်ချင်တဲ့အိပ်မက်ဟာ သိပ်ကြီးမားလွန်းတဲ့အခါ မဖြစ်နိုင်ဘူးလို့ လက်လျှော့ပစ်လိုက်ကြပါတယ်။ ဒီလိုမလုပ်ပါနဲ့။ အရင်ဆုံး ကိုယ့်ကိုယ့်ကိုယ် ယုံကြည်လိုက်ပါ။

၂။ နေ့တိုင်းနည်းနည်းချင်းစီလုပ်ဆောင်ပါ
လက်တွေ့လုပ်ဆောင်မှုမပါပဲတော့ ဘာမှအကောင်အထည်ပေါ်လာမှာမဟုတ်ပါဘူး။ ကိုယ့်အိပ်မက်ကို လက်တွေ့ဖော်ဆောင်နိုင်ဖို့အတွက် နေ့တိုင်းနည်းနည်းစီ လုပ်နိုင်သလောက် ကြိုးစားလုပ်ဆောင်ပါ။ တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ်ပြီးရင်တောင်မှ ဒါဟာတစ်လှမ်းပိုနီးကပ်လာတာပဲ မဟုတ်ပါလား။

၃။ အချိန်ပေးပါ
အချိန်တွေက အကုန်မြန်ပါတယ်။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ရာ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့တော့ လိုပါလိမ့်မယ်။ သေချာအစီအစဉ်ဆွဲပါ။

၄။ ရှင်းလင်းပြတ်သားနေပါစေ
ကိုယ် ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်း မသိတာမျိုးမဟုတ်ပဲ ဖြစ်ချင်တဲ့အိပ်မက်တစ်ခုကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ထားပါ။ ပြီးရင် လက်တွေ့အကောင်အထည်ဖော်ဖို့ တွေးပါ။ ကိုယ်ဘယ်လိုဖြစ်ချင်သလဲဆိုတာ ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်းသိနေပါစေ။

၅။ မကောင်းပြောသူတွေကို လျစ်လျူရှုပါ
ကိုယ်က ကိုယ်ဖြစ်ချင်တဲ့အိပ်မက်အကြောင်းပြောပြချိန်မှာ တစ်ချို့မနာလိုသူတွေက မဖြစ်နိုင်ပါဘူးလို့ပြောတာနဲ့ စိတ်ဓာတ်ကျသွားစရာ လုံးဝမလိုပါဘူး။ ဒီလူတွေက ကိုယ့်ရဲ့အရင်းနှီးဆုံးလူတွေဖြစ်ရင်ဖြစ်မယ်။ သူတို့နားမလည်ဘူးလို့တွေးပြီး လျစ်လျူရှုထားပါ။ တစ်ခါတစ်လေမှာ လူတွေက သူတို့လိုက်မမှီတဲ့အခါ သူတို့ရဲ့အတွေ့အကြုံနဲ့ဆို မဖြစ်နိုင်တဲ့အရာတွေဆို မဖြစ်နိုင်ဘူးတွေးပစ်တတ်ကြပါတယ်။

၆။ ကိုယ့်ကိုနားလည်သူတွေနဲ့ အိပ်မက်တွေအကြောင်း ဝေမျှပါ
ကိုယ့်လိုပဲ အိပ်မက် ရည်မှန်းချက်ရှိသူတွေနဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေ ဝေမျှတာက ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခုပါ။

၇။ ကြိုတွေးပူနေတာတွေကို လျှော့ပါ
ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်တဲ့အခါ တွေးပူနေတာမျိုးတွေ ရှိမှာပါ။ အနာဂါတ်ကို ကြိုတွေးတာက တစ်ခါတစ်လေ ကောင်းသလို တစ်ခါတစ်လေလည်း မကောင်းပါဘူး။ ဒီတော့ အရမ်းစိုးရိမ်စိတ်တွေနဲ့ ကြိုတွေးနေတာတွေကို လျှော့ပြီး အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့ ဆက်လက်လုပ်ဆောင်ပါ။

၈။ အပြုသဘောမြင်ပါ
အပြုသဘောမြင်နိုင်တာက အရာရာကိုဖြေတွေးနိုင်ပါတယ်။ တကယ်လို့ ဆိုတာထက် ဘယ်အချိန်မှာ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်မလဲစဉ်းစားပါ။ ဒါက အောင်မြင်မှုကို ပိုနီးကပ်စေမှာပါ။ ဒီစိတ်သဘောက သင့်ရဲ့တွေးခေါ်ပုံတစ်ခုလုံးကို ပြောင်းပစ်နိုင်တာမို့ အရေးကြီးပါတယ်။

၉။ ဘဝမှာ အိပ်မက်အတွက် နေရာတစ်ခုသီးသန့်ပေးထားပါ
အလုပ် မိသားစု သူငယ်ချင်း စတာတွေအပြင် ကိုယ်ရည်ရွယ်ထားတဲ့အိပ်မက်အတွက် နေရာတစ်ခု သတ်မှတ်ထားပါ။ ကိုယ့်အတွက် အဆင်မပြေ အသုံးမဝင်တာတွေကို ဘဝထဲက ဖယ်ထုတ်ပစ်လိုက်ပါ။

၁၀။ အရှိန်ကို ဘယ်တော့မှ မရပ်တန့်ပစ်ပါနဲ့
အရေးအကြီးဆုံးအချက်ကတော့ ဘာတွေပဲဖြစ်ဖြစ် အိပ်မက်ဆီသွားတဲ့လမ်းမှာ အရှိန်ကို မရပ်တန့်ပစ်လိုက်ပါနဲ့။ တစ်ခါတစ်လေ အခက်အခဲတွေကြောင့် နှေးချင်နှေးသွားမယ်။ ရပ်တန့်ပစ်လိုက်ဖို့ မလိုအပ်ပါဘူး။

Ref : Lifehack : Ten Ways to Turn Your Big Dreams into Reality
Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top