ကျန်းမာတဲ့ လက်သည်းတွေကို ပျိုမေတွေ ပိုင်ဆိုင်စေဖို့အတွက်

22-7-2020-yyl-021.jpg

ကျန်းမာပြီးလှပတဲ့လက်သည်းကို ပိုင်ဆိုင်ရဖို့အတွက် လျှို့ဝှက်ချက်က ဘာများဖြစ်မလဲလို့ ပျိုမေတွေ သိချင်ကြတယ်မလား။ အလှပြင်ဆိုင်တွေသွားပြီး လက်သည်းထိန်းသိမ်းရင် ပိုင်ဆိုင်နိုင်မှာပေါ့လို့ စဉ်းစားနေတယ်ဆိုရင် အဲဒါကလည်း တစ်စိတ်တစ်ပိုင်းတော့မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့တွေက လက်သည်းကို ပိုက်ဆံအကုန်အကျခံပြီး အမြဲတမ်းထိန်းသိမ်းဖို့ မဖြစ်နိုင်တဲ့အတွက် အခြားနည်းလမ်းရှာရမှာဖြစ်ပါတယ်။ တကယ်တော့ ကျန်းမာပြီး လှပတဲ့လက်သည်းဖြစ်ဖို့အတွက် သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထိန်းသိမ်းလို့ရပါတယ်။ လက်သည်းကျိုးပဲ့ အက်ကွဲတာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ပျိုမေတွေရဲ့လက်သည်းကို ကျန်းမာပြီး လှပသွားစေဖို့အတွက် ထိရောက်တဲ့သဘာဝပါဝင်ပစ္စည်းနဲ့ အိမ်တွင်းနည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။

သံလွင်ဆီ

သံလွင်ဆီကလည်း ဆံပင်အတွက်သာမက လက်သည်းအတွက်လည်း အစွမ်းထက်အာနိသင်ရှိပါတယ်။ သံလွင်ဆီက လက်သည်းပန်းကုံးတွေကို အာဟာရဖြည့်ပေးနိုင်တဲ့ ဂုဏ်သတ္တိပါဝင်တဲ့အတွက် လက်သည်းလေးတွေကို တောက်ပြောင်လှပနေစေမှာပါ။ ကျွန်မတို့လုပ်ရမှာက လက်သည်းလေးတွေကို သေသေချာချာသန့်ရှင်းဖို့နဲ့ သံလွင်ဆီအနည်းငယ်ကို အပူပေးဖို့ပါပဲ။ သံလွင်ဆီထည့်ထားတဲ့ ပန်းကန်လုံးထဲကို သင့်လက်ချောင်းတွေကို (၁၅) မိနစ်လောက် နှစ်ထားလိုက်ပါ။ ပြီးရင် သန့်ရှင်းတဲ့အဝတ်စနဲ့ သုတ်ပေးလိုက်ရုံပါပဲ။ လက်သည်းတွေ ကျန်းမာပြီးလှပဖို့အတွက် ဒီနည်းကို နေ့တိုင်းလုပ်ပေးသင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကျိုးပဲ့လွယ်တဲ့ လက်သည်းတွေကို ကုသပေးနိုင်ပြီး သန်မာလာအောင်လုပ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို ထက်ပိုင်း ပိုင်းပြီး လက်သည်းတွေကို ပွတ်ပေးမယ်ဆိုရင် ကျန်းမာတဲ့လက်သည်းတွေကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ကြက်သွန်ဖြူအရည်ကို ထုတ်ထားပြီး လက်သည်းမာလာဖို့အတွက် သုံးပေးလို့ရပါတယ်။

သံပရိုရည်

သံပရိုသီးက လက်သည်းတွေကို သန့်စင်ပေးနိုင်သလို လက်သည်းအရောင်ပြောင်းသွားခြင်းကိုလည်း ရှောင်ရှားပေးနိုင်ပါတယ်။ ကျွန်မတို့လုပ်ဖို့လိုတာက ရေထည့်ထားတဲ့ ပန်းကန်လုံးအသေးထဲကို မုန့်ဖုတ်ဆိုဒါ (လက်ဖက်ရည်ဇွန်း (၁) ဇွန်း) နဲ့ သံပရိုရည် (စားပွဲတင်ဇွန်း (၁) ဇွန်း) တို့ကို ရောစပ်ပေးဖို့ပါပဲ။ အဲဒီအရောအနှောကို လက်သည်းတွေပေါ်လိမ်းပြီး (၁၀) မိနစ်လောက် အချိန်ပေးပြီးမှ ဘရက်ရှ်နဲ့ ဖြည်းဖြည်းသာသာတိုက်ပေးရုံပါပဲ။ ပြီးရင် ရေနဲ့သန့်စင်လိုက်ပါ။ ဒီနည်းကို နေ့တိုင်းလုပ်ပေးလို့ရပါတယ်။

နှင်းဆီရည်

နှင်းဆီပွင့်ဖတ်တွေနဲ့ ပြုလုပ်ထားတဲ့ နှင်းဆီရည်ကလည်း လက်သည်းတွေ ကျန်းမာပြီးလှပဖို့အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီအရည်က လက်သည်းတွေကို သန့်စင်ပေးပြီး အာဟာရဓာတ်ဖြည့်ပေးရုံသာမက တစ်ချိန်လုံး အစိုဓာတ်ထိန်းပေးနေမှာ ဖြစ်ပါတယ်။ ကျွန်မတို့ လုပ်ဖို့လိုတာက လက်သည်းတွေကို သေသေချာချာ သန့်စင်ပေးပြီးတာနဲ့ လက်သည်းတွေမှာ နှင်းဆီရည်ကို ပုံမှန် လိမ်းပေးရုံပါပဲ။

Ref: Here are 4 natural ways to get healthier nails

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top