ဆိုင်ကယ်လုသမားကို လက်သီးစာကျွေးပြီး မောင်းထုတ်လိုက်တဲ့ (၁၁) နှစ်အရွယ် ကလေးမလေး

13925758-0-image-a-49_1558726518100.jpg

အာဂျင်တီးနားနိုင်ငံက အသက် (၁၁) နှစ်အရွယ် ကလေးမလေးက သူ့အမေရဲ့ ဆိုက်ကယ်ကို လုဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦးကို ညာလက်နဲ့ထိုးပစ်ခဲ့ပြီး မောင်းထုတ်ခဲ့ပါတယ်။ မှတ်တမ်းဗီဒီယိုထဲမှာတော့ အာဂျင်တီးနားနိုင်ငံရဲ့ ဒေသစံတော်ချိန် ည (၉) နာရီခွဲအချိန်လောက်မှာ အဲဒီကလေးမလေးက အိမ်ရှေ့ဝင်ပေါက်တံခါးဝမှာ ဆိုင်ကယ်လုယက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားကို ပညာပေးလိုက်တာဖြစ်ပါတယ်။

ဆိုင်ကယ်သူခိုးက လမ်းကြားကနေ ပြေးထွက်လာပြီး မိခင်ရဲ့ဆိုင်ကယ်ကို လုယက်နေတဲ့အချိန်မှာ ကလေးမလေးက အိမ်အဝင်ပေါက် လှေကားထစ်ကနေ ပြေးဆင်းလာခဲ့ပြီး သူခိုးရဲ့မျက်နှာတည့်တည့်ကို ညာလက်နဲ့ အားပြင်းပြင်း ထိုးပစ်ခဲ့ပါတယ်။ မိခင်ကလည်း သူခိုးရဲ့အင်္ကျီကို ဆွဲကိုင်ခဲ့ပြီး တွန်းချလိုက်တဲ့အခါ သူခိုးက ပြန်ပြေးခဲ့ရပါတယ်။

ကလေးမလေး နဲ့ မိခင်တို့က သူခိုးပြေးသွားတဲ့နောက်ကို ပြေးလိုက်ခဲ့ပေမဲ့လည်း မမှီတော့ဘဲ သူခိုး လွတ်သွားခဲ့ပါတယ်။ အာဂျင်တီးနားမြို့ခံရဲတွေက ဆိုင်ကယ်လုယက်သူကို မဖမ်းနိုင်ခဲ့ကြောင်းနဲ့ လွတ်သွားခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ကလေးမလေးက အရွယ်သာငယ်ပေမဲ့လည်း သူ့အမေ့ကို ဆိုင်ကယ်လုသမားရန်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ကြည့်ရှုရန် ဗီဒီယိုလင့်ခ် – http://tiny.cc/iiub7y

Ref: Dailymail “Shocking moment a VERY feisty 11-year-old girl PUNCHES a robber who tries to steal her mother’s scooter and sends him running for his life in Argentina”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top