လိင်အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်အယောက် (၄၀) ကို နိုင်ငံတကာရဲတပ်ဖွဲ့က ကယ်တင်

Capture-1.png

Pedophilia လို့ ခေါ်တဲ့ “သက်ငယ် လိင်အကြမ်းဖက်မှု” ဟာ အသက် (၁၁) နှစ် အောက် ကလေးတွေကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုပဲ ဖြစ်ပါတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ကတော့ သက်ငယ် လိင်အကြမ်းဖက်မှုကို နှိမ်နင်းခဲ့ပြီး ကလေးအယောက် (၄၀) ကို ကယ်တင်နိုင်ခဲ့သလို ကျူးလွန်သူ (၉) ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့လည်း ရဲတွေက ကလေးအယောက် (၁၀၀) ကို ရှာမတွေ့သေးဘူးလို့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

ရဲတွေက ကလေးတွေကို နောက်ထပ်ကယ်တင်နိုင်ဖို့နဲ့ ကျူးလွန်သူတွေကို နောက်ထပ်ဖမ်းဆီးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့က “သက်ငယ်လိင်အကြမ်းဖက်မှုကျူးလွန်သူ” တွေကို ထိုင်းနိုင်ငံ၊ သြစတြးလျနိုင်ငံ နဲ့ အမေရိကန်နိုင်ငံတွေ အပါအဝင် နိုင်ငံ (၆၀) နီးပါးမှာ ဖမ်းဆီးနေကြောင်း ပြောခဲ့ပါတယ်။ ရဲတွေက သက်ငယ်လိင်အကြမ်းဖက်မှုကို ညစ်ညမ်းဝက်ဆိုက်တွေမှာ ပြုလုပ်လာကြတာကို သတိထားမိခဲ့ပါတယ်။

ရဲတွေဟာ (၂၀၁၇) ခုနှစ်က ညစ်ညမ်းဝက်ဆိုက်မှာ အသက် (၁၃) နှစ်အောက် ယောက်ျားလေး (၁၁) ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို တင်ထားတာ မြင်တွေ့ခဲ့တဲ့နောက်မှာ “လက်တွေ့ နှိမ်နင်းရေး” (Operation Blackwris) ကို စတင်ခဲ့ပါတယ်။ ညစ်ညမ်းဝက်ဆိုက်မှာ တင်ထားတဲ့ပုံတွေကို အခကြေးငွေပေးရတဲ့အတွက် လူတိုင်းမမြင်နိုင်ဘဲ တစ်ပတ်မှာ ပုံအသစ် (၁) ပုံ တင်လေ့ရှိပါတယ်။ (၂၀၁၇) ခုနှစ်က ထိုင်းနိုင်ငံမှာတော့ ကျူးလွန်သူတစ်ဦးကို ဖမ်းနိုင်ခဲ့တာပါ။

(၂၀၁၇) ခုနှစ် ဇွန်လက၊ ထိုင်းနိုင်ငံအထူးစုံစမ်းရေးအဖွဲ့က ဘန်ကောက်မြို့က နိုင်ငံတကာရဲတပ်ဖွဲ့ အပါအဝင် တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး သက်ငယ်လိင်အကြမ်းဖက်မှုကို နှိမ်နင်းခဲ့ပါတယ်။ နောက်တစ်နှစ် (၂၀၁၈) ခုနှစ် ဇွန်လမှာ ထိုင်းနိုင်ငံအခြေစိုက်ဝက်ဆိုက်ပြုလုပ်သူ မွန်ထရီ ဆာလန်ဂမ် (Montri Salangam) ကို ဖမ်းနိုင်ခဲ့ပြီး သက်ငယ်အကြမ်းဖက်မှုနဲ့လူကုန်ကူးမှုစတဲ့ ပြစ်မှု (၂) ချက် ကြောင့် ထောင်ဒဏ် (၁၄၆) နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: CNN “50 children saved as Interpol exposes international pedophile ring”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top