ကိုကင်းအိတ် (၂၄၆) လုံး မြိုချထားတဲ့ အမျိုးသားတစ်ဦး လေယာဉ်ပေါ်မှာ သေဆုံး

61858044_2403436573020582_3505354407787102208_n.jpg

ကိုကင်းအိတ် (၂၄၆) လုံး မြိုချထားတဲ့ ဂျပန်အမျိုးသားတစ်ယောက်ဟာ မက္ကဆီကိုစီးတီးမြို့ကနေ ပျံသန်းလာတဲ့ လေကြောင်းခရီးစဉ်ပေါ်မှာ သေဆုံးခဲ့ပါတယ်။ ယူဒိုအန်လို့ အမည်ရတဲ့ အမျိုးသားက လေယာဉ်ပေါ်မှာ အတက်ဝေဒနာခံစားခဲ့ရလို့ ဂျပန်နိုင်ငံ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဦးတည်ပျံသန်းနေတဲ့ လေယာဉ်ကို မက္ကဆီကိုနိုင်ငံ ဆိုနိုရာပြည်နယ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

ဒီအမျိုးသားဟာ မူးယစ်ဆေးလွန်ပြီး ဦးနှောက်အတွင်း အရည်လျှံလို့ သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ယူဒိုအန်ဟာ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကနေ ခရီးစဉ်စတင်ခဲ့တာဖြစ်ပြီး အဲဒီလေကြောင်းခရီးစဉ်ကို တစ်ဆင့်ပြောင်းလဲခဲ့တာပါ။ ယူဒိုအန်ရဲ့အလောင်းကို သေမှုသေခင်း စစ်ဆေးရာမှာ သူ့အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း တွေ့ရတဲ့ ကိုကင်းအိတ်တွေဟာ အလျား (၂.၅) စင်တီမီတာ၊ အနံ (၁) စင်တီမီတာရှိတယ်လို့ ဆိုနိုရာပြည်နယ် ရှေ့နေချုပ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top