YouTube ပေါ်က သူ့ရဲ့ဗီဒီယိုတွေမှာ စော်ကားတဲ့မှတ်ချက်ပေးလို့ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို တိပ်ပတ်ပြီး ကန်ကျောက်

61478585_2403436513020588_6896088920266637312_n.jpg

YouTube ပေါ်က သူ့ရဲ့ဗီဒီယိုတွေမှာ လနဲ့ချီပြီး စော်ကားတဲ့မှတ်ချက်တွေ ပေးခဲ့သူက သူ့မိန်းမဖြစ်နေမှန်း သိခဲ့တဲ့နောက် ဂျပန်အမျိုးသားတစ်ယောက်က ဇနီးကို ကောင်းကောင်းပညာပေးခဲ့ပါတယ်။ သူ့မိန်းမက သူ့ရဲ့ဗီဒီယိုတွေအောက်မှာ ”ပြောင်ကြီး”၊ ”ငတုံး” အစရှိတဲ့ မှတ်ချက်တွေ ရေးနေသလို သူ့သူငယ်ချင်းတွေကိုပါ အလားတူမှတ်ချက်မျိုး ရေးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်ရပ်ကို သိသွားပြီးနောက်မှာတော့ အိုအီတာမြို့မှာ နေထိုင်တဲ့ အသက် (၄၄) နှစ်အရွယ် အမျိုးသားဟာ အသက် (၃၆) နှစ်အရွယ် ဇနီးသည်ကို ခြေတွေ၊ လက်တွေ တိပ်နဲ့ပတ်ပြီး မျက်နှာကို ကန်ကျောက်ခဲ့ပါတယ်။ ဇနီးဖြစ်သူဟာ ခင်ပွန်းရဲ့ ကန်ကျောက်မှုကြောင့် တစ်လလောက် ဆေးကုလိုက်ရတယ်လို့ အိုအီတာခရိုင်တရားရုံးရဲ့ ကြားနာမှုမှာ ပါဝင်ပါတယ်။

အဲဒီအမျိုးသားဟာ YouTuber(YouTube ပေါ်မှာ ဗီဒီယိုတင်ပြီး အခကြေးငွေရရှိသူ) ဖြစ်လာဖို့ ရည်မှန်းထားပြီး အိုအီတာမြို့က စားသောက်ဆိုင်တွေ၊ ရှုခင်းကြည့်ရာနေရာတွေကို ဗီဒီယိုရိုက်ပြီး ကြည့်ရှုသူများအောင် လုပ်နေသူပါ။ မေလ (၂၁) ရက်နေ့က ရုံးတင်စစ်ဆေးမှုမှာ သူ့ဇနီးကို တိုက်ခိုက်ခဲ့တယ်လို့ ဂျပန်အမျိုးသားက ဝန်ခံခဲ့ပါတယ်။ အဲဒီအမှုကို ဇွန်လ (၆) ရက်နေ့မှာ စီရင်ချက်ချမှတ်ဖို့ရှိပြီး ခင်ပွန်းဖြစ်သူအနေနဲ့ ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်ခံရဖွယ်ရှိနေပါတယ်။ YouTube ပေါ်မှာ ဗီဒီယိုတင်ပြီး ငွေရှာတာ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်နေပါပြီ။ ဗီဒီယိုဖန်တီးသူတွေဟာ အခပေးကြည့်ရှုသူ ၁၀၀၀ ပြည့်ရင် သူတို့ရဲ့ဗီဒီယိုတွေမှာ ကြော်ငြာထည့်သွင်းနိုင်ပါတယ်။ ဗီဒီယိုဖန်တီးသူတွေက ကြော်ငြာဝင်ငွေကနေ (၅၅) ရာခိုင်နှုန်းရရှိပါတယ်။ အဲဒါကြောင့် သူ့ဗီဒီယိုကို ကြည့်ရှုသူ ၁၀၀၀ ရှိရင် (၃) ပေါင်(မြန်မာငွေ ၅၇၈၁ ကျပ်)ကျော် ရရှိမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top