ဘာကြောင့် အစက်တွေ ပျောက်သွားတာလဲ

asatlarge.jpg

အခု မြင်နေရတာကတော့ တွစ်တာ (Twitter) လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ ပုံကို ဂျေ နီနီယို (J. Ninio ) နဲ့ ကေအေစတီဗင်စ် ( K. A. Stevens) တို့က ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

မျဉ်းကြောင်းတွေကြားထဲက အမည်းစက်တွေအားလုံးကို တစ်ချိန်တည်းမှာ  မြင်နိုင်စွမ်း မရှိဘူးလို့ ဆိုထားပါတယ်။ အမည်းစက် စုစုပေါင်း (၁၂) စက်ရှိပေမယ့် အသေအချာကြည့်တဲ့ အခါမှာ  တချို့အစက်တွေက ပျောက်ပျောက်သွားတာတွေ၊ ပေါ်လာလိုက် ပျောက်လိုက် ဖြစ်နေတာတွေကို မြင်ရမှာပါ။

ဘာလို့ ဒီလို ဖြစ်ရသလဲဆိုတော့ လူရဲ့ မျက်လုံးထဲမှာ အလင်းအာရုံခံ ကိရိယာ (light receptor) တွေ ရှိနေပြီး အဲဒီ အာရုံခံကိရိယာတွေက တစ်ခုကို တစ်ခု လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ဘေးချင်းယှဉ်လျက် ရှိနေတဲ့ အလင်းအာရုံခံကိရိယာတွေထဲက တစ်ခုက အခြားတစ်ခုထက် ပို အားကောင်းသွားတဲ့ အခါမှာ အခုလို အမြင်အာရုံ ထင်ယောင်ထင်မှားမှုတွေ ဖြစ်ပေါ်လာရတာပဲ ဖြစ်ပါတယ်။
Ref : Time: “Why Your Brain Won’t Let You Look at These Black Dots All at Once”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top