အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အစွမ်းထက် အစားအစာများ

yyl-016-1.jpg

အမျိုးသမီးတွေက အာဟာရဓာတ်ပမာဏ တော်တော်များများ လိုအပ်ကြပါတယ်။ အစားအစာကို သင်တင့်မျှတစွာ ရွေးချယ် စားသုံးမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် များစွာအကျိုးရှိပါတယ်။ လေ့လာချက်တွေမှာ အစားအစာတွေနဲ့ သောက်စရာတွေကို ရွေးချယ်စားသောက်တာက ကျန်းမာရေးကို တိုးတတ်ကောင်းမွန်စေသလို ရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မျှဝေပေးလိုက်ရပါတယ်။

သံပုရာရည်

ကျွန်မတို့ အရွယ်ရလာတဲ့အခါ ကျွန်မတို့အစာအိမ်မှာရှိတဲ့ အက်ဆစ်ပမာဏက ကျဆင်းသွားတဲ့အတွက် သံပုရာရည်က အစာခြေခြင်း ဖြစ်စဉ်အတွက် အရမ်းအရေးပါ ပါတယ်။ အစာအိမ်မှာ အက်ဆစ်မရှိတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အစာအိမ်ရောင်ခြင်းကို အမျိုးသမီး ၃၀ ရာခိုင်နှုန်းကျော်က ခံစားရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ သံပုရာရည်က အဲဒီပြဿနာမဖြစ်အောင် ဖြေရှင်းပေးနိုင်သလို ဇီဝဖြစ်စဉ် အားကောင်းအောင်လည်း ကူညီပေးပါတယ်။ အမျိုးသမီးတွေရဲ့ ကိုယ်အလေးချိန်ကျချင်တဲ့ အမျိုးသမီးတွေအတွက် သံပုရာရည်က အစားစာချင်စိတ်ကို တိုက်ဖျက်ပေးသလို အသည်းကိုလည်း သန့်စင်ပေးပါတယ်။

နနွင်း

နနွင်းက ဆေးဘက်ဝင် အမွှေးအကြိုင်ပင် တွေထဲက တစ်ခုဖြစ်ပြီး အစွမ်းထက်တဲ့ အန်တီအောက်စီဒန့်ဓာတ်၊ နီးမြန်းရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးတဲ့ဓာတ်တွေ ပါဝင်ပါတယ်။ အစားအစာထဲကို နနွင်းထည့်စားပေးမယ်ဆိုရင် ရောဂါပိုးကူးစက်ခြင်းကို ကုသပေးပါတယ်။ အမျိုးသမီးတွေအတွက် နနွင်းက အစွမ်းထက် ဆေးတစ်လတ်လို့ ပြောလို့ရပါတယ်။

သီဟိုဠ်စေ့

သီဟိုဠ်စေ့မှာ မဂ္ဂနီစီယမ်၊ ပိုတတ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်စ်၊ ဆီလီနီယမ်အစရှိတဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။ အမျိုးသမီးတွေရဲ့နှလုံးနဲ့ ကြွက်သားလုပ်ဆောင်မှုအတွက် လိုအပ်တဲ့ သံဓာတ်၊ မဂ္ဂနီ၊ ကော့ပါဓာတ်တချို့လည်း ပါဝင်ပါတယ်။ ဒါကြောင့် သီဟိုဠ်စေ့က ကြွက်သားလှုပ်ရှားဖို့အတွက် အထောက်အကူပြုပါတယ်။

အိုမီဂါ ၃ ပါဝင်တဲ့အစားအစာ

အိုမီဂါ ၃ ပါဝင်တဲ့ အစားအစာတွေကလည်း အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အိုမီဂါ ၃ ကြွယ်ဝတဲ့ အစားအစာများစွာ ရှိပါတယ်။ ဒါပေမဲ့ အိုမီဂါ ၃ ဓာတ်ကို တွေ့ရအများဆုံးက ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်ငါးအစရှိတဲ့ ပင်လယ်စာအစားအစာတွေ မှာဖြစ်ပါတယ်။ အိုမီဂါ ၃ ပါဝင်တဲ့အစားအစာတွေက EPA (Eicosapentaenoic Acid)၊ ဒိုကိုဆဟတ်စ်ဇေနိုဆစ် အက်ဆစ် (Docosahexaenoic acid) တို့ပါဝင်ပါတယ်။ အဲဒီအက်ဆစ်တွေက အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ကလေးဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးသလို နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။ အိုမီဂါ ၃ က နွားနို့၊ ဒိန်ချဉ်၊ ပဲနို့တွေမှာလည်း ပါဝင်ပါတယ်။

Ref: Foods and Drinks That Can Boost Women’s Health

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top