လစ်ဗျားပြည်တွင်းစစ်အတွက် စစ်သည်တွေ စေလွှတ်ပေးနိုင်မယ့် ဥပဒေကြမ်းကို တူရကီလွှတ်တော် အတည်ပြု

1-1.jpg

လစ်ဗျားပြည်တွင်းစစ်အတွက် စစ်သည်တွေ စေလွှတ်ပေးနိုင်မယ့် ဥပဒေကြမ်းကို တူရကီလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က အဲဒီဥပဒေကြမ်းအတွက် တူရကီလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၃၂၅ မဲ၊ ကန့်ကွက်မဲ ၁၈၄ မဲရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ တူရကီနိုင်ငံဟာ လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမြို့အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားအစိုးရကို ထောက်ခံအားပေးနေပါတယ်။ လစ်ဗျားအစိုးရတပ်ဖွဲ့တွေဟာ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာအခြေစိုက်တဲ့ ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာရဲ့ တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေပါတယ်။ ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာကို ထောက်ပံ့ပေးနေတဲ့ အီဂျစ်နိုင်ငံကတော့ တူရကီလွှတ်တော်ရဲ့ အတည်ပြုချက်ကို ရှုတ်ချခဲ့ပါတယ်။

ဒါဟာ မြေထဲပင်လယ်ဒေသ တည်ငြိမ်မှုကို အပျက်သဘောဆန်တဲ့ သက်ရောက်မှုရှိစေလိမ့်မယ်လို့ ဆိုပါတယ်။ တူရကီသမ္မတ အာဒိုဝမ်နဲ့ ဖုန်းဆက်စကားပြောတုန်းက လစ်ဗျားပြည်တွင်းစစ်မှာ ပြည်ပကြားဝင်စွက်ဖက်မှုမျိုး မလုပ်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ထရီပိုလီမြို့အခြေစိုက် လစ်ဗျားအစိုးရရဲ့ မေတ္တာရပ်ခံမှုအရ စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ဖို့ လွှတ်တော်ရဲ့ အတည်ပြုချက် တောင်းခံသွားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ အာဒိုဝမ်က ပြောခဲ့ပါတယ်။ တူရကီသမ္မတအာဒိုဝမ်ရဲ့ အာဏာရပါတီက လွှတ်တော်မှာ
အမတ်နေရာအများစုရှိနေလို့ အဓိကအတိုက်အခံပါတီတွေရဲ့ ထောက်ခံမှုမရဘဲ အဲဒီဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့တာပါ။ အဲဒီဥပဒေအရ လစ်ဗျားအစိုးရတပ်ဖွဲ့တွေကို လေ့ကျင့်၊ အကြံပေးတာမျိုးလုပ်ဖို့အတွက် တိုက်ပွဲဝင်သူမဟုတ်တဲ့ စစ်သည်တွေကို စေလွှတ်နိုင်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top