မင်းသား ဟယ်ရီတို့မိသားစုနေထိုင်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ မုန်တိုင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာထား

10-1-2023-yyl-67.jpg

အင်အားပြင်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဒေသအများစု(လူဦးရေ ၃၄ သန်းဝန်းကျင်)ဟာ ရေကြီးရေလျှံမှုအန္တရာယ်ရှိတဲ့ စာရင်းမှာ ကျရောက်နေပြီး ဗြိတိန်မင်းသား ဟယ်ရီနဲ့ ဇနီးသည် မီဂန်၊ ရုပ်သံအစီအစဉ် တင်ဆက်သူ အော်ပရာဝင်းဖရေးတို့လို ထင်ပေါ်ကျော်ကြားသူတွေ နေထိုင်တဲ့ ဆန်တာဘာဘရာကောင်တီမှာ မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။

မုန်တိုင်းဒဏ်ကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့သူ သိန်းချီ ရှိနေပါတယ်။ လာမယ့်သီတင်းပတ်မှာ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေ တိုက်ခတ်မှု ခံရနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေက သတိပေးထားပါတယ်။
ဟောလိဝုဒ်နာမည်ကျော်တွေ နေထိုင်တဲ့ မွန်တီစီတိုမြို့မှာ ၁၂ နာရီအတွင်း မိုးရေချိန် ၈ လက်မအထိ ရွာသွန်းခဲ့တယ်လို့ အမေရိကန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မင်းသား ဟယ်ရီတို့ မိသားစုကတော့ လက်ရှိအချိန်အထိ မွန်တီစီတိုမြို့မှာ ဆက်ရှိနေသလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီက ကပ်ဘေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပေးအပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကယ်လီဖိုးနီးယားပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

Ref: California storm: Montecito residents told to flee deadly downpour

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top