Samsung Galaxy Note 20 စမတ်ဖုန်းသစ် တွေအတွက် Pre-order (ကြိုတင်မှာယူမှု) ကို စတင်လက်ခံနေပြီ

Pre-order-Info.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း Samsung ရဲ့ Global Galaxy Unpacked အခမ်းအနားကို သြဂုတ်လ ၅ ရက်မှာ အွန်လိုင်းမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး အဲဒီအခမ်းအနားကနေ နောက်ဆုံးပေါ် နည်းပညာမြင့် Samsung Galaxy Note 20 စမတ်ဖုန်းစီးရီးကို တစ်ကမ္ဘာလုံးထံ တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ ဒီ Samsung Galaxy Note 20 စမတ်ဖုန်း မျိုးဆက်သစ်က အရင် Note စမတ်ဖုန်းတွေကို ပြန်လည်ဆန်းသစ် အဆင့်မြှင့်တင်ထားတဲ့စမတ်ဖုန်း တစ်ခုဖြစ်တဲ့အတွက် သုံးစွဲသူတွေက အလုပ်လုပ်ကိုင်ရာမှာရော၊ အပန်းဖြေ အနားယူရာမှာပါ အကောင်းမွန်ဆုံး စမတ်ဖုန်းအသုံးပြုမှု အတွေ့အကြုံတွေကို ရရှိခံစားသွားနိုင်မှာဖြစ်ပြီး လူနေမှု ဘဝပုံစံ အမျိုးမျိုး အတွက် အမြင့်မားဆုံးသော စွမ်းဆောင်ရည်တွေနဲ့ ကူညီထောက်ပံ့ ပေးသွားနိုင်မှာဖြစ်ပါတယ်။

ဒီအဆင့်မြင့် စမတ်ဖုန်းအသစ်ကို ကြိုတင်မှာယူလိုတဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် Samsung မြန်မာက သြဂုတ်လ ၆ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ ကြိုတင်မှာယူမှုတွေကို စာရင်းကောက်ခံ ပေးသွားမှာဖြစ်ပါတယ်။ ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၁,၂၉၉,၀၀၀ ကျသင့်မှာဖြစ်တဲ့ Samsung Galaxy Note 20 စမတ်ဖုန်းကို Mystic Bronze (ကြေးရောင်)၊ Mystic Gray (မီးခိုးရောင်) နှင့် Mystic Green (အစိမ်းရောင်) အရောင် ၃ ရောင် အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်မှာဖြစ်တဲ့အပြင် ကြိုတင်မှာယူမှု ဈေးနှုန်း မြန်မာငွေကျပ် ၁,၆၅၉,၀၀၀ ကျသင့်မှာဖြစ်တဲ့ Samsung Galaxy Note 20 Ultra စမတ်ဖုန်းကိုလည်း Mystic Bronze (ကြေးရောင်)၊ Mystic Black (အနက်‌ရောင်) နှင့် Mystic White (အဖြူရောင်) အရောင် ၃ ရောင်အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်မှာဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်းအမျိုးအစား ၂ မျိုးလုံးမှာ အဆင့် မြှင့်တင်ထားတဲ့ S Pen နှင့် S Note၊ ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာ၊ ဖုန်းနှင့် မော်နီတာမျက်နှာပြင်ကို ချိတ်ဆက်ပြီး ကွန်ပြူတာ တစ်လုံးကဲ့သို့ အသုံးပြုနိုင်မယ့် Samsung DeX လုပ်ဆောင်ချက် နှင့် တစ်နေ့တာလုံး စိတ်တိုင်းကျ အသုံးပြု နိုင်မယ့် all-day intelligent battery အပါအဝင် အဆင့်မြှင့်တင်ထားတဲ့ နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေကိုလည်း ထည်သွင်းပေးထားပါတယ်။

ကြိုတင်မှာယူလိုသူတွေက ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ ပေးသွင်းပြီးတာနဲ့ Samsung Galaxy Note 20 စမတ်ဖုန်းသစ်တွေကို လာမယ့်၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၅ ရက်နေ့ အတွင်း သူတို့ကြိုတင်မှာယူထားတဲ့ ဖုန်းအရောင်းဆိုင်ကြီးများမှာ သွားရောက် ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကြိုတင်မှာယူထားသူတွေက Samsung Myanmarက ပေးအပ်တဲ့ အပိုထပ်ဆောင်း လက်ဆောင်တွေအနေနဲ့ Galaxy Note 20 Ultra စမတ်ဖုန်းများကို ကြိုတင်မှာယူပါက Galaxy Buds Live နှင့် Galaxy Note 20 စမတ်ဖုန်းတွေကို ကြိုတင်မှာယူပါက Galaxy Buds+ တို့ကို အသီးသီး ရရှိသွားမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top