ထန်းလျက်ခဲကို အောင်မြင်စွာရောင်းချတဲ့ မချိုလဲ့အောင်

15319028_1039441719517917_9050221745448564874_n.jpg

သူမဟာ အသက် ၂၈ နှစ်သာရှိသေးတဲ့ ချိုလဲ့အောင်လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

ဆေးပညာဘွဲ့ကို ယူခဲ့ပေမယ့် ဆရာဝန်အဖြစ် အသက်မွေးရန် ဝါသနာ မပါတာကြောင့် သူမ ဝါသနာ ပါရာ စားသောက်ကုန်ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းကို စတင်ခဲ့ ပါတယ်။

အရင်းငွေ နည်းနည်းနဲ့ အညာက ထန်းလျက်ကိုမှာ၊ လိုအပ်တဲ့ အခြားသော ရောစပ် ပစ္စည်းများကို မှာယူပြီး Tree Food ဆိုတဲ့ ထန်းလျက်ကို ဖန်တီးခဲ့ ပါတယ်။ မြန်မာတို့ စားနေကျ ထန်းလျက်နဲ့ မတူပဲ တူမတူအောင် ဆန်းသစ်ထားတဲ့ ထန်းလျက်ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်ဖို့အတွက် ငွေကြေးအရင်းအနှီး သိန်း ဆယ်ဂဏန်း၊ ရာဂဏန်း လိုအပ်တယ် ဆိုတဲ့ အများယုံကြည်နေကြတဲ့ သီအိုရီကို ပယ်ဖျက်ခဲ့ပါတယ်။

အရင်းအနှီး နည်းနည်းနဲ့ ကိုယ်ပိုင် စီးပွားရေးတစ်ခု ကောင်းကောင်း စတင်လို့ ရတယ်ဆိုတာကို မချိုလဲ့အောင်ဟာ သက်သေပြခဲ့ ပါတယ်။ စိတ်ကူး အိုင်ဒီယာ အသစ်နဲ့ အချို ခပ်ပေါ့ပေါ့ ထန်းလျက်ကို ဖန်တီးခဲ့ရာ ယခုတော့ City Mart, Ocean နဲ့ ရန်ကုန်မြို့က စားသောက်ကုန် ဆိုင်အတော်များများမှာ ရရှိနေ ပါပြီ။ ယနေ့အချိန်မှာ အသေးသား အဖြစ်သာ ရှိသေးပေမယ့် ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာအောင် ကြိုးစားဖန်တီးလျက် ရှိပါတယ်။ ယခုဆိုရင် သူမရဲ့ ထန်းလျက်ခဲ Tree Food လုပ်ငန်းဟာ ၁ နှစ်သက်တမ်းသာ ရှိပါသေးတယ်။

အချိန်တိုအတွင်း ယခုလို နေရာရောက်လာအောင် မြန်မာ အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းအင်နဲ့ ကြိုးစားခဲ့တာကြောင့် ရိုးရာလေးမှ ဂုဏ်ပြုရေးသား မျှဝေပေးလိုက်ရ ပါတယ်။

 


ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top