ဘေးလ်က ပွဲမကစားချင်လို့ ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာလို့ ရီးရဲလ်နည်းပြ ဆို

7-8-2020-yyl-012.jpg

မန်စီးတီးနဲ့ ကစားမယ့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်ကစားလိုခြင်းမရှိဘူးလို့ ပြောခဲ့တဲ့အတွက် ဘေးလ်ကို ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာလို့ ရီးရဲလ်နည်းပြ ဇီဒန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်အသင်းက မန်စီးတီးနဲ့ ကစားမယ့်ပွဲစဉ်အတွက် ကစားသမား(၂၄)စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ပွဲပယ်ပြစ်ဒဏ်ခံထားရလို့ ပွဲကစားခွင့်မရှိတဲ့ အသင်းခေါင်းဆောင် ရာမို့စ် ပါဝင်လာခဲ့ပေမဲ့ ဝေးလ်တောင်ပံကစားသမား ဘေးလ်ကတော့ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ဘေးလ်ဟာ ၂၀၁၈ ခုနှစ်က လီဗာပူးကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်အတွက် ၂ ဂိုးသွင်းယူပေးခဲ့သူပါ။ ဒါပေမဲ့ ဘေးလ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ရီးရဲလ်အတွက် ပွဲစဉ်တစ်ပွဲမှာပဲ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ရီးရဲလ်အသင်းရဲ့ ပွဲစဉ်တွေ ပြန်လည်စတင်ခဲ့ပြီးနောက်ပိုင်း စုစုပေါင်း မိနစ်(၁၁၀)ပဲ ကစားခွင့်ရခဲ့ပါတယ်။

” သတင်းတွေအများကြီး ထွက်နေလို့ ကျွန်တော် ရှင်းပြပါတယ်။ ကျွန်တော်နဲ့ ဘေးလ်ကြားမှာ ကစားသမားနဲ့ နည်းပြကြားက လေးစားတဲ့ ဆက်ဆံရေးရှိပါတယ်။ ကျွန်တော့်ဘက်က ပြောနိုင်တာကတော့ သူက ပွဲမကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျန်တာကတော့ သူနဲ့ ကျွန်တော်ကြားက ကိစ္စပါ”လို့ ဇီဒန်းက ပြောပါတယ်။ ဘေးလ်ဟာ ၂၀၂၂ ခုနှစ်အထိ ရီးရဲလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုထားပေမဲ့ ရီးရဲလ်မှာ သူ့အနာဂတ် ဆက်ရှိမယ့်ပုံ မပေါ်ပါဘူး။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top