မိဘမဲ့ကလေးစောင့်ရှောက်ရေးအတွက် သိန်း ၂၆၀ ကျော် သွားရောက်လှူဒါန်းခဲ့တဲ့ Samsung Myanmar

31-10-2022-yyl-10.jpg

Samsung ချစ်သူတွေကိုယ်တိုင် QR Code ကို scan ဖတ်ပြီး ရွေးချယ်ထားတဲ့ ပုသိမ်မြို့နယ်၊ သဲဖြူကျေးရွာရှိ ဧရာရတနာကျောင်းတိုက် မိဘမဲ့ကလေးစောင့်ရှောက်ရေးအတွက် Samsung Myanmar အဖွဲ့သားတွေက လှူဒါန်းငွေနဲ့ ကျောင်းသုံးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။

မိဘမဲ့ဂေဟာမှ ကျောင်းသားကလေးငယ်တွေအတွက် စာသင်ကျောင်းတည်ဆောက်ဖို့ မတည်လှူဒါန်းငွေ ကျပ် သိန်း ၁၀၀ အပြင် ငွေကျပ် သိန်း ၁၆၀ ကျော် တန်ဖိုးရှိ Samsung တက်ဘလက်တွေ၊ တီဗီနဲ့ စမတ်ဖုန်းတွေကိုလည်း ( စုစုပေါင်း ငွေကျပ် သိန်း ၂၆၀ ကျော်) ကလေးငယ်တွေ ပညာသင်ကြားဖို့၊ ဗဟုသုတတိုးမြှင့်စေဖို့ ရည်ရွယ်ပြီး ထောက်ပံ့လှူဒါန်းခဲ့သလို ကျောင်းတစ်ဦးစီအတွက်လည်း လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် Samsung Myanmar အဖွဲ့သားတွေက ကျောင်းသားကလေးငယ်တွေကို နေ့လယ်စာ ကျွေးမွေးတာ၊ Samsung Galaxy တက်ဘလက်တွေနဲ့ ဆေးရောင်ခြယ်တာ၊ ဉာဏ်စမ်း မေးခွန်းတွေ အမေး၊ အဖြေ လုပ်တာ အစရှိတဲ့ ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်တွေလည်း လုပ်ပေးခဲ့ကြပါတယ်။ Samsung Customer Service Team မှ ကျွမ်းကျင်သူတွေကလည်း ကျောင်းအဆောက်အအုံထဲမှာ TV တပ်ဆင်ပေးခဲ့ကြပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top