တကယ့်သက်ရှိသတ္တဝါတွေလားလို့ ထင်မှတ်ရလောက်တဲ့ သဲပန်းပုရုပ်တုတွေကို ဖန်တီးနိုင်သူ

25-5-2020-yyl-022.jpg

ပန်းပုပညာရှင်တွေက သစ်သားနဲ့တင်မဟုတ်ဘဲ အခြားအရာတွေနဲ့လည်း ဖန်တီးကြပါတယ်။ အဲဒီပန်းပုပညာရှင်တွေထဲမှာမှ အန်ဒိုနီ ဘာစတာရီကာ လို့အမည်ရတဲ့ အမျိုးသားတစ်ဦးက ပန်းပုရုပ်တုတွေကို သဲတွေနဲ့ ဖန်တီးတာဖြစ်ပါတယ်။ ကမ်းခြေတွေမှာဆိုရင် သဲနန်းတော်ဆောက်လုပ်တာတွေမြင်ဖူးကြမှာပါ။ အန်ဒိုနီကတော့ အဲတစ်ခုတည်းနဲ့ ရောင်ရဲတဲ့သူမဟုတ်ပါဘူး။ သတ္တုဝါမျိုးစုံကို ဖန်တီးနိုင်တာပါ။ သူ့ရဲ့ဖန်တီးမှုတွေက အတော်လေးလက်ရာမြောက်လှပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးသဲပန်းပုရုပ်တုလို့တောင် ပြောလို့ရပါတယ်။ သူ့ရဲ့သဲပန်းပုရုပ်တုတွေကို မြင်လိုက်မယ်ဆိုရင် ရုပ်တုတွေဟုတ်ရောဟုတ်ရဲ့လား၊ တကယ့်သက်ရှိသတ္တဝါတွေမလားဆိုပြီး တအံ့တသြနဲ့ တွေးမိပြောမိကြမှာပါ။

အန်ဒိုနီဟာ ၂၀၁၀ခုနှစ်က သူ့ရဲ့သမီးလေး (၂) ယောက်နဲ့ ကမ်းခြေကို သွားလည်တဲ့အချိန်မှာ သဲပန်းပုရုပ်တုကို စတင်ဖန်တီးဖြစ်ခဲ့တာပါ။ သူပထမဆုံး ဖန်တီးခဲ့တဲ့ ရုပ်တုက Little Mermaid ဖြစ်ပါတယ်။ သူ ဒီလိုဖန်တီးတာက သူ့လက်တွေနဲ့ ပြုလုပ်တဲ့ လက်ဆောင်တွေဖြစ်လာစေပါတယ်။ သူက ဒီလက်ဆောင်ကို ပြုလုပ်ဖို့အတွက် ကိုယ့်ကိုယ်ကို စိတ်နှစ်ထားခဲ့ပြီး ဒီကိုဖန်တီးဖို့အတွက် လွန်ခဲ့တဲ့ (၁၀) နှစ်ကို အချိန်ကုန်ခဲ့ရပါတယ်။ “သဲတွေက ကျွန်တော်ကို ဆွဲဆောင်ခဲ့တာပါ။ သူတို့ကို သင် ဘယ်လိုပုံစံနဲ့ကြည့်ကြည့်ကိစ္စမရှိပါဘူး။ သင် သင်ယူချင်စိတ်ရှိရင် သင့်ကို အမြဲတမ်းသင်ပေးပါလိမ့်မယ်။ ရုပ်တုတစ်ခုဖန်တီးချင်ရင် သဲဘယ်လောက်ကုန်မယ်။ သင့်ကို သဲတွေပေပြီး စိုစွတ်သွားမယ်လို့ မတွေးပါနဲ့” လို့ပြောပါတယ်။

“ကျွန်တော်တိရစ္ဆာန်ရုပ်တုတွေကိုသာ ဘာလို့ဖန်တီးရတာကြိုက်လဲဆိုရင် အကြောင်းအရင်းတော်တော်များများရှိပါတယ်။ ဒါပေမဲ့ တစ်ခုက တိရစ္ဆာန်တွေက အမှီအခိုကင်းပြီး လွတ်လပ်ပေါ့ပါးစွာနေတတ်တယ်ဆိုတဲ့အချက်ပါပဲ။ တိရစ္ဆာန်တွေက တမူထူးခြားရုံသာမက လှလည်းလှပါတယ်။ လူတွေကလည်း သူတို့တွေဆီက လေ့လာသင်ယူနိုင်ပါတယ်” လို့ အန်ဒိုနီက ပြောပါတယ်။ တိရစ္ဆာန်တွေက မွေးကတည်းကနေ သေဆုံးသွားတဲ့အထိ အဖော်အချွတ်နဲ့လာတာဖြစ်ပြီး အဲဒီအဖော်အချွတ်က အန်ဒိုနီအတွက် လွတ်လပ်မှုလို့ ဆိုပါတယ်။

အန်ဒိုနီက စိုစွတ်တဲ့သဲတွေကို စုဆောင်းပြီး စတင် ပုံဖော်ပါတယ်။ အသက်ဝင်လာအောင် တိရစ္ဆာန်တွေရဲ့မျက်နှာထားအပြုအမူတွေကို ရှာဖို့ကြိုးစားပါတယ်။ ရှာလို့တွေ့ပြီးဆိုတာနဲ့ ချွန်ထက်တဲ့တုတ်ချောင်းတို့ကို အသုံးပြုပြီး အဲဒီမျက်နှာမျိုးဖြစ်အောင် ဖန်တီးပါတယ်။ တစ်ခါတရံ သူက ပြာမှုန့်၊ မီးသွေး၊ ရွံ့စေး၊ ကျောက်ခဲမှုန့်တို့ကို အသုံးပြုတတ်ပါတယ်။ “အရွယ်အစားပေါ်မူတည်ပြီး အချိန်ယူရပါတယ်။ ဆင်ဆိုရင် (၂) ရက်၊ မြင်းနဲ့ နွားရိုင်းက တစ်ခုကို (၁၂) နာရီ၊ ခွေးဆိုရင် (၆) နာရီကနေ (၈) နာရီလောက် အချိန်ယူရပါတယ်”လို့ အန်ဒိုနီက ပြောပါတယ်။ သူ့ရဲ့လက်ရာတွေ ဘယ်လောက်အသက်ဝင်ပြီး လက်ရာမြောက်လဲဆိုတာကို ဓာတ်ပုံတွေကြည့်ရင် သိနိုင်ပါတယ်နော်..။

Ref: Sand Artist Creates Detailed Sculptures That You Could Easily Mistake For Live Animals If You Saw Them From A Distance

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top