တောင်ကိုရီးယားမှာ ကလပ်နဲ့ ဘားတွေဆီ လာသူတွေကို ဖုန်းကတစ်ဆင့် ဧည့်သည်တော်မှတ်တမ်း ဖြည့်ခိုင်းမယ်

25-5-2020-yyl-032.jpg

တောင်ကိုရီးယားနိုင်ငံမှာတော့ ထိတွေ့မှုရာဇဝင် စုံစမ်းရာမှာ အထောက်အကူဖြစ်စေဖို့အတွက် လာမယ့်ဇွန်လကစပြီး ကလပ်၊ ဘား၊ ကာရာအိုကေ၊ စားသောက်ဆိုင်တို့လို ဖျော်ဖြေရေး အဆောက်အအုံတွေဆီ ရောက်လာတဲ့ ဧည့်သည်တွေကို ဆဲလ်ဖုန်း QR ကုဒ်ကနေ ဧည့်သည်တော်မှတ်တမ်း ဖြည့်ခိုင်းတဲ့စနစ် ကျင့်သုံးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဖျော်ဖြေရေးအဆောက်အအုံတွေက ရောဂါကူးစက်နိုင်ခြေ မြင့်မားတယ်လို့ အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။

အဲဒီနေရာတွေကို လာရောက်သူတွေဟာ စမတ်ဖုန်း app တစ်ခုကတစ်ဆင့် QR Code ကို Scan ဖတ်ပြီး သူတို့ရဲ့အချက်အလက်တွေကို အစိုးရရဲ့ ဧည့်သည်တော်မှတ်တမ်းစနစ်မှာ ဖြည့်သွင်းနိုင်ပါတယ်။

တကယ်လို့ ဧည့်သည်တော်တွေက စမတ်ဖုန်း အတည်ပြုစနစ်ကနေ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ မဖြည့်ချင်ဘူးဆိုရင် ကတ်ပြားတွေပေါ်မှာ ချရေးရမှာဖြစ်ပြီး အဲဒီအချက်အလက်တွေကို ဖျော်ဖြေရေးအဆောက်အအုံ ဖွင့်လှစ်သူတွေက စစ်ဆေးမှာဖြစ်ပါတယ်။

မဖြစ်မနေဖြည့်သွင်းဖို့ လိုအပ်တဲ့ အချက်အလက်တွေထဲမှာ နေ့ရက်၊ အချိန်၊ နာမည်တွေ ပါဝင်မှာဖြစ်ပြီး ဝှက်စာအဖြစ် အသွင်ပြောင်းထားတဲ့ အချက်အလက်တွေကို လူမှုလုံခြုံရေးထောက်လှမ်းရေးအဖွဲ့ထံ ပေးပို့မှာပါ။ ဒီအဖွဲ့ဟာ COVID-19 ကပ်ရောဂါကာလမှာပဲ လှုပ်ရှားမှာဖြစ်ပြီး ရယူထားတဲ့ အချက်အလက်တွေကိုလည်း ၄ ပတ်ကြာရင် ဖျက်ပစ်မယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်ရောဂါအန္တရာယ် သတိပေးချက် အဆိုးရွားဆုံး အဆင့်(၂)ဆင့်မှာ ရှိနေချိန်အတွင်းပဲ ဒီစနစ်ကို အသုံးပြုမယ်လို့ ကျန်းမာရေးအရာရှိတစ်ယောက်က ပြောပါတယ်။

Ref : Aju Business Daily ” QR code electronic registration adopted in S. Korea to trace dance club visitors ”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top