အာဖရိကတိုက်မြောက်ပိုင်းမှာရှိတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးသဲကန္တာရဟာ နေ့အခါမှာဆိုရင် တော်တော်ပူပြင်းပါတယ်။ အဲဒါကြောင့်မို့ ကမ္ဘာ့အပူအပြင်းဆုံးနဲ့အကြီးဆုံးသဲကန္တာရဖြစ်နေရတာပါ။ ပူပြင်းပြီး ရေကိုတောင် မမြင်ရတဲ့ အဲဒီသဲကန္တာရမှာ နှင်းကျဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဆာဟာရသဲကန္တာရမှာ နှင်းကျတာကို တကယ်မြင်တွေ့ခဲ့ရတာပါ။
ဆာဟာရသဲကန္တာရနဲ့ ဆော်ဒီအာရေးဘီးယားရဲ့တချို့နေရာတွေမှာ ရှားရှားပါးပါးနှင်းကျသွားခဲ့တယ်လို့ Esquire Middle East သတင်းဌာနအရ သိရပါတယ်။ နှင်းတွေက သဲကန္တာရကို လှပစွာ လွှမ်းခြုံခဲ့တာပါ။ အဲဒီဒေသမှာ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်အောက်ရောက်သွားခဲ့တာကြောင့် နှင်းကျခဲ့တာဖြစ်ပါတယ်။
ဆာဟာရက အပူချိန်တွေက အမြဲလိုလို ၅၀ ဒီဂရီအထက်ထိတောင် ရောက်နေတာပါ။ အခုရက်ပိုင်းတွေမှာတော့ ဇန်နဝါရီလအတွက် အပူချိန်က ပုံမှန်မဟုတ်ခဲ့ပါဘူး။ ဒီပုံမှန်မဟုတ်တဲ့ရာသီဥတုကြောင့် အဲဒီဒေသမှာရှိတဲ့လူတွေ မြင်တွေ့ခဲ့ရတဲ့အပြင် လူအများရဲ့စိတ်ဝင်စားမှုကို ရရှိစေခဲ့ပါတယ်။ တချို့တွေဆိုရင် နှင်းကျတာကို ကြုံတွေ့ဖူးချင်တဲ့အတွက် အိမ်ကနေထွက်ပြီး တကူးတကသွားကြည့်ကာ ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်။
Esquire Middle East က ဖော်ပြခဲ့သလိုပဲ ဆော်ဒီအာရေးဘီးယားနိုင်ငံအနှံ့အပြားမှာ နှင်းတွေမြင်တွေ့ခဲ့ရပေမဲ့ နှင်းထုထည်ကြီးမားခဲ့တာကတော့ Aseer ဒေသမှာဖြစ်ပါတယ်။ အခုလိုရှားရှားပါးပါးနှင်းကျတာကို နှစ် (၅၀) ကျော်အကြာမှ ပထမဆုံးအနေနဲ့ မြင်တွေ့ခဲ့ရတာဖြစ်တဲ့အပြင် အပူချိန်ကျဆင်းတာကလည်း နှစ်ပေါင်းရာချီမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
Ref: Worldofbuzz “Saudi Arabia’s Sahara Desert Experiences Rare Snowfall For The First Time In 50 Years!”
WL (ရိုးရာလေး)