လက်သည်းဆိုးပြီး (၁၀) နာရီ အကြာမှာ ခန္ဓာကိုယ်က ဘာတွေ ပြောင်းလဲလာမလဲ

This-Is-What-Happens-To-Your-Body-10-Hours-After-Applying-The-Nail-Polish.jpg

အမျိုးသမီးတွေ တော်တော်များများရဲ့ အကြိုက်ကတော့ လက်သည်းကို ကာလာအမျိုးမျိုး ဆိုးနေရတာပါပဲ။ ဒါပေမဲ့လို့ လက်သည်းဆိုးပြီးတဲ့အခါ ခန္ဓာကိုယ်အတွင်း၊ အပြင်ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဘယ်သူမှ သတိမထားမိတတ်ကြပါဘူး။ ဒီလိုဆို လက်သည်းဆိုးပြီး (၁၀) နာရီကြာတဲ့အခါမှာ ဓာတုပစ္စည်းတွေကြောင့် ခန္ဓာကိုယ်က ဘာတွေပြောင်းလဲလာမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ကြရအောင်ပါ။

လက်သည်းဆိုးဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ ဆိုးကျိုးတွေကို တစ်ခုချင်းစီ ပြောပြပေးထားပါတယ်။

ထရွိုင်ဖီနိုင်လ်ဖော့စဖိတ် (TRIPHENYLPHOSPHATE) ဆိုတာဘာလဲ

ထရွိုင်ဖီနိုင်လ်ဖော့စဖိတ်ဆိုတာ သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်းစနစ်နဲ့ ဟော်မုန်းလေးတွေကို ပြိုကွဲပျက်စီးစေတဲ့ ဓာတုပစ္စည်တစ်မျိုးပြီး ဇီဝဖြစ်စဉ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီဒြပ်ပေါင်းဟာ လက်သည်းဆိုးဆေး ပုံမှန်ဆိုးနေတဲ့ အမျိုးသမီးတွေအတွက် အန္တရာယ်ရှိတဲ့အပြင် ခန္ဓာရဲ့ ဇီဝဖြစ်စဉ်တွေမှာ ဒီဒြပ်ပေါင်းက စုပုံလာပါတယ်။ ကြာလာတာနဲ့အမျှ ၎င်းဟာ အတွင်းပိုင်းကနေ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြည်းဖြည်းချင်း ဖျက်စီးနေတာပါ။

တော်လူးန် (Toluene)

နောက်ထပ် လက်သည်းဆိုးဆေးတွေမှာ ပါဝင်တဲ့ တော်လူးန်ဆိုတဲ့ ဓာတုပစ္စည်းကိုတော့ ရေနံကနေ ရရှိပါတယ်။ ၎င်းဒြပ်ပေါင်းက ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေပြီး အရေးပြား ကျိန်းစပ်မှုကို ဖြစ်စေနိုင်ပါတယ်။

ဖော်မယ်လ်ဒီဟိုက်ဒ် (formaldehyde)

တစ်နည်းအားဖြင့် ကာဆီနိုဂျင် (carcinogen) လို့ အသိများတဲ့ ဖော်မယ်လ်ဒီဟိုက်ဒ်ဓာတ်က ရေနဲ့ လေထုတွေထဲမှာ အများဆုံး ပျော်ဝင်နေပါတယ်။ အဆိုပါဓာတ်ကို ခွဲထုတ်ကြည့်တဲ့အခါမှာတော့ ၎င်းဟာ အသားအရေ ယောင်ယမ်းခြင်း၊ ပန်းနာရင်ကြပ်နှင့် အသက်ရှူမဝခြင်းတို့အပြင် အထူးသဖြင့် နာတာရှည်ရောဂါ ဖြစ်နေသူတွေအတွက် အလွန်အန္တရာယ်ရှိတဲ့ ဓာတ်တစ်မျိုးဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့်မို့လို့ လက်သည်းဆိုးထားတဲ့အခါမှာ လက်ချောင်းလေးတွေက လှနေမယ်၊ ကြည့်လို့ကောင်းနေမယ် ဆိုပေမဲ့လည်း ဓာတုပစ္စည်းတွေ အများကြီး ပါတဲ့ လက်သည်းဆိုးဆေးတွေထက် သဘာဝပစ္စည်းတွေကိုသာ အခြေခံပြီး ထုတ်လုပ်ထားတဲ့ လက်သည်းဆိုးဆေးတွေကိုသာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။

Ref: Pinterest “This Is What Happens To Your Body 10 Hours After Applying The Nail Polish”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top