ဒီလို ဒီလို ဝလို့ ချစ်တယ် တအား

63024308.jpg

ပိန်ပိန်သွယ်သွယ် ကောင်မလေးတွေကပဲ ချစ်ဖို့ကောင်းတယ်လို့ မထင်လိုက်ပါနဲ့ဦး။ ဝဝကစ်ကစ်နဲ့ ကောင်မလေးတွေမှာလည်း

သူ့ပင်ကိုအလှကိုယ်စီ ရှိကြပါတယ်။ လေ့လာမှုတွေအရတော့ ဝဝကစ်ကစ် ကောင်မလေးတွေနဲ့ လက်ထပ်တဲ့ အမျိုးသားတွေအများစုဟာ ဘဝမှာ ပိုပြီးပျော်ရွှင်ရလေ့ရှိတယ်လို့ ဆိုပါတယ်။

စိတ်ကို ဖွင့်ထုတ်လိုက်ပြီး ဝဝကစ်ကစ် ကောင်မလေးတစ်ယောက်နဲ့ ချစ်သူ ဖြစ်ကြည့်လိုက်ပါ။ ဝဝကစ်ကစ်ကောင်မလေးနဲ့ လက်ထပ်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ ပိန်ပိန်သွယ်သွယ် ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်ထားတဲ့ အမျိုးသားထက် တစ်ရက်တာအတွင်း ပိုပြီး ပြုံးဖြစ်ကြသလို စိတ်ကြည်လင်ပြီး အခက်အခဲတွေကိုလည်း ပိုမိုဖြေရှင်းနိုင်တာကို တွေ့ရတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဝတဲ့ ကောင်မလေးအများစုဟာ သူတို့ကောင်လေးတွေရဲ့ လိုအပ်ချက် မျှော်လင့်ချက်တွေကို ဂရုတစိုက် သတိထားလေ့ရှိပြီး ပိုပြီးသစ္စာကြရှိသလို တစ်ကိုယ်ကောင်းမဆန်ဘဲ ကိုယ့်ကြင်ယာဖက်အပေါ် နားလည်မှု ပိုပြည့်ကြပါတယ်။ သူတို့ရဲ့ ကြင်ယာဖက် စိတ်ကျေနပ်အောင် ဘာလုပ်ပေးရမလဲ အမြဲဦးစားပေး စဉ်းစားလေ့ရှိကြတယ်လို့ ဆိုပါတယ်။ ဒါတွေကြောင့် ဝဝကစ်ကစ် ကောင်မလေးတွေနဲ့ လက်ထပ်တဲ့ အမျိုးသားတွေဟာ ပိုပြီး ပျော်ရွှင်ရတာ ဖြစ်ပါတယ်။

သူတို့တွေဟာ အမျိုးသားအပေါ်မှာ ကွယ်ဝှက်ထားတာမျိုး သိပ်မရှိဘဲ ပွင့်ပွင့်လင်းလင်း ချစ်ခင်တတ်ကြပြီး ကိုယ်ဝန်ဆောင်ရာမှာလဲ ကျယ်ပြန့်ဖွံ့ထွားတဲ့ တင်ပါးတွေကြောင့် မွေးဖွားရ လွယ်ကူလေ့ ရှိကြတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

အမျိုးသားတွေကို စိတ်အနှောင့်အယှက် ပေးတာနည်းပြီး ဖိအားပေးတာမျိုး လုပ်လေ့သိပ်မရှိဘူး ဆိုတာကိုလည်း တွေ့ရှိရပါတယ်။ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပေးတတ်ကြပြီး အစားအသောက်ပိုင်းမှာလည်း နှံ့စပ်သလို ဟန်မဆောင်ဘဲ ရယ်တတ်ကာ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့ ရိုးသားသူတွေ ဖြစ်ကြပါတယ်။ အပြောချိုပြီး လူမှုဆက်ဆံရေးမှာလည်း ပေါက်မြောက်ကြတယ်လို့ ဆိုထားပါတယ်။

Ref : Relationship Rules “Science Reveals That Men Who Marry Plus-Sized Women Are Much Happier”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply