ရာသီဥတုပြောင်းလဲလို့ ပေါက်လာတဲ့ရေညှိပင်တွေကြောင့် အန္တာတိကတိုက်ဟာ အစိမ်းရောင်ပြောင်းသွားနိုင်တယ်လို့ သုတေသီတွေဆို

22-5-2020-yyl-036.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း လူသူကင်းမဲ့နေတဲ့အတွက် သဘာဝတရားကြီးရဲ့အလှတရားတွေကို မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကလည်း တစ်ညတည်းနဲ့ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ သုတေသနာပညာရှင်အသိုင်းအဝိုင်းက ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စိတ်မတင်မကျဖြစ်နေတုန်းပါပဲ။ University of Cambridge က ရုက္ခဗေဒပညာရှင်တွေက
အန္တာတိတိုက်က ရာသီဥတုပြောင်းလဲမှုကြောင့် ရေညှိပင်တွေပေါက်လာတဲ့အတွက် အစိမ်းရောင်ပြောင်းသွားနိုင်လို့ စိတ်မအေးဖြစ်နေပါတယ်။

သုတေသီအဖွဲ့က အန္တာတိကကမ်းရိုးတန်းတစ်လျှောက် နှင်းမျက်နှာပြင်ပေါ်မှာပေါက်နေတဲ့ ရေညှိပင်ပမာဏအများကြီးကို လေ့လာခဲ့ကြပါတယ်။ သူတို့က အစိမ်းရောင်နှင်းရေညှိတွေကို စူးစမ်းလေ့လာထားတဲ့ရလဒ်နဲ့ ဂြိုလ်တုနဲ့ဖမ်းထားတဲ့ဒေတာတွေကို ပေါင်းပစ်ခဲ့ပါတယ်။ ရေညှိတစ်ခုချင်းစီက အရွယ်အစားအရမ်းသေးပေမဲ့ ရေညှိပင်တွေက ပေါများလာတဲ့အခါ အန္တာတိကတိုက်မှာရှိတဲ့ ရေခဲမျက်နှာပြင်က အစိမ်းရောင်ပြောင်းသွားပြီး အာကာသကတောင်မြင်ရနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

“ဒါက အန္တာတိကတိုက်က သိသိသာသာပြောင်းလဲမှုပါပဲ။ ရာသီဥတုပူနွေးလာတဲ့အတွက် လာမယ့်နှစ်တွေက ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာ သိသာပါတယ်။ နှင်းရေညှိတွေက အစာချက်လုပ်ဖို့အတွက် လေထုထဲကနေ ကာဗွန်အောက်ဆိုဒ်ကို ရရှိဖို့ အဓိကအပိုင်းဖြစ်ပါတယ်”လို့ သုတေသီခေါင်းဆောင် ဒေါက်တာ မတ်တ် ပီဒါဗီက ပြောပါတယ်။ အစိမ်းရောင်နှင်းအများစုကို အန္တာတိကကမ်းရိုးတန်းတစ်ဝိုက်နဲ့ Antarctic Peninsulaရဲ့ နောက်ဖက်ကမ်းရိုးတန်းတစ်လျှောက်မှာ တွေ့ရပါတယ်။ ရေညှိပင်တွေက အန္တာတိကတိုက်ရဲ့နွေဦးရာသီ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအတွင်း အပူချိန်ဇီရိုးဒီဂရီအထက်ဆက်ပြီးရှိနေတဲ့ ပူနွေးတဲ့နေရာတွေမှာ ပေါက်ရောက်ပါတယ်။

နှင်းကို အစိမ်းရောင်ပြောင်းသွားစေတဲ့ ရေညှိပင်တွေကြီးထွားမှုကို ငှက်တွေနဲ့နို့တိုက်သတ္တဝါတွေရဲ့မစင်က အားပေးအားမြှောက်ပြုနေတယ်လို့လည်း သိရပါတယ်။ မစင်က ရေညှိကြီးထွားဖို့အတွက် သဘာဝမြေသြစာအဖြစ် လုပ်ဆောင်တယ်လို့ လေ့လာချက်က ဆိုပါတယ်။ ရေညှိပင် (၆၀) ရာခိုင်နှုန်းကျော်ကို ပင်ဂွင်ငှက်အုပ်စုအနီးနားမှာတွေ့ရပါတယ်။ အခြားငှက်တွေရဲ့အသိုက်အမြုံနားမှာ ပေါက်ရောက်တာကိုလည်း မြင်တွေ့ရတယ်လို့ လေ့လာချက်က ဆိုပါတယ်။ “အန္တာတိကတိုက်ပူနွေးလာတဲ့အတွက် နှင်းရေညှိတွေများလာမယ်လို့ ကျွန်တော်တို့ခန့်မှန်းရပါတယ်”လို့ သုတေသီခေါင်းဆောင်ကပြောပါတယ်။

Ref: Scientists Say Antarctica Could Turn Green Due To Climate Change Causing Algae To Bloom

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply