H1N1 ရောဂါပိုးမှ ကာကွယ်ရန် Face Masks များ မဖြစ်မနေတပ်သင့်

mask.jpg

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန မှ ထုတ်ပြန်သော သတင်းတွေအရ ဇူလိုင်လ ၂၇ရက်နေ့ နေ့လယ် နှစ်နာရီ အထိ H1N1 ရောဂါပိုး ကူးစက်ခံရတဲ့ လူနာ ၃၀ ဦး ရှိခဲ့ပြီး ၎င်းတို့ အနက်မှ ၆ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ ဒီရောဂါပိုး ကူးစက်မှုကနေ တတ်နိုင်သလောက် ဂရုစိုက် ကာကွယ်ဖို့ လိုအပ်ပါတယ်။

H1N1 ရောဂါပိုးဟာ လေထဲမှ တဆင့် ကူးစက်တတ်တာမို့ ကိုယ့်ဆီကို ရောဂါပိုးတွေ အသက်ရှူလမ်းကြောင်းက တဆင့် ဝင်ရောက်မလာအောင် Face Masks တွေ မဖြစ်မနေ တပ်ထားသင့်ပါတယ်။

Face Masks လို့ဆိုလိုက်လျှင် အမျိုးမျိုးရှိပါတယ်။ အခု လက်တလော မြန်မာနိုင်ငံ မှာ ဆေးရုံသုံး ရိုးရိုး Masks တွေနဲ့ FDA approved ဖြစ်ပြီး N95 respirator လို့ ခေါ်တဲ့ မျက်နှာနဲ့ fit ဖြစ်နေအောင် ပြုလုပ်ထားတဲ့ mask ဆိုပြီး နှစ်မျိုးကို H1N1 ရောဂါပိုးကူးစက်မှုကနေ ကာကွယ်ဖို့ အသုံးပြုနေကြတာပါ။ မိမိ  အသုံးပြုပြီးတဲ့ Mask အဟောင်းတွေကိုလည်း အမှိုက်ပုံးထဲ သေချာ စွန့်ပစ်သင့်ပါတယ်။

N95 masks တွေကတော့ အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေနဲ့ ဗိုင်းရပ်စ်ပိုးတွေက အစ အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်မှုကို ၉၅% ကာကွယ်ပေးတဲ့ အတွက် ပိုပြီး စိတ်ချပါတယ်။ ဆေးရုံသုံး Masks တွေကတော့ ဝယ်ယူဖို့ လွယ်ကူပြီး ဈေးလည်း ပိုမို သက်သာတာကြောင့် ပိုပြီး အသုံးများနေတာကို တွေ့ရမှာပါ။


အဓိက က H1N1 ရောဂါပိုးတွေ အသက်ရှူလမ်းကြောင်းမှ တဆင့် ဝင်ရောက်မှုကို ကာကွယ်ဖို့ လိုအပ်တာမို့ N95 respirators တွေ မဟုတ်လျှင်တောင် အနည်းဆုံးတော့ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ဆေးရုံသုံး တစ်ခါသုံး Masks တွေကို တပ်ဆင်သွားလာသင့်ပါတယ်။ ဒီကူးစက်ရောဂါ  H1N1 ရောဂါပိုး ရန်က ကာကွယ်ဖို့ အထူးသဖြင့် လူသူထူထပ်တဲ့ နေရာတွေမှာ၊ လိုင်းကားတွေပေါ်မှာ၊ ဆေးရုံ၊ ဆေးခန်း ပတ်ဝန်းကျင်တွေမှာ မဖြစ်မနေ Face Masks တွေ တပ်ဖို့လိုလာပါပြီ။

Ref: Myanmar CDC – ပြည်သူ့ကျန်းမာရေး ဦးစီးဌာန facebook page, WebMD : Swine Flu (H1N1) and Face Masks

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top