စာဖတ်တဲ့ အလေ့အကျင့် ရစေဖို့ နည်းလမ်း (၆) မျိုး

young-woman-reading-book-in-coffee-shop-8ZJB76E.jpg

စာဖတ်ခြင်း အလေ့အထဟာ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ရုံသာမက အကျိုးကျေးဇူးများစွာ ရှိပါတယ်။ စာဖတ်ခြင်းကို စိတ်အားထက်သန်လာစေဖို့ အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုကြည့်ပါ။

ဖတ်မယ့်စာအုပ်တွေကို စာရင်းတစ်ခုလုပ်ပါ။

စာဖတ်တဲ့အလေ့အကျင့်ကို မွေးမြူဖို့ ပထမဆုံးခြေလှမ်းဟာ ဖတ်သင့်တဲ့ စာအုပ်ကောင်းတွေနဲ့ ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကို စာရင်းတစ်ခု လုပ်ထားဖို့ပါပဲ။ ပြီးရင် ​ဘယ်စာအုပ်ကို အရင်စဖတ်မလဲ စဉ်းစားပါ။ ကိုယ်သိပ်နားမလည်တဲ့ စကားလုံးလေးတွေကို မှတ်သားထားဖို့ မှတ်စုစာအုပ် တစ်အုပ်နဲ့ ဘောပင်တစ်ချောင်း အနားယူထားပါ။ ဖတ်ပြီးသွားရင် ပိုနားလည်ဖို့ တစ်ခေါက်လောက် အကြမ်းဖျင်း ထပ်ဖတ်လိုက်ပါ။

အချိန်တစ်ခု သတ်မှတ်ပါ။

စာဖတ်ဖို့ အချိန်တစ်ခု သတ်မှတ်ထားပါ။ ဘယ်အချိန်မှာဖတ်မယ် ဘယ်နှစ်မိနစ် သို့မဟုတ် ဘယ်နှစ်နာရီဖတ်မယ် စသဖြင့် ပုံမှန်သတ်မှတ်ပါ။ တစ်စုံတစ်ခုကြောင့် ဝမ်းနည်းနေရင် စိတ်အနှောင့်အယှက်ဖြစ်နေရင်တောင်မှ စာဖတ်ရင်း ဈာန်ဝင်သွားရင် စိတ်ဓာတ်ကျစရာတွေကို မေ့ထားနိုင်ပါတယ်။

တီဗီနဲ့ အင်တာနက်သုံးတာတွေ လျော့ပါ။

တကယ်လို့ စာဖတ်ဖို့ အချိန်မရှိဘူးလို့ထင်နေရင် တီဗီကြည့်တာတွေ အင်တာနက်ပေါ် အချိန်ဖြုန်းတာတွေကို လျော့ချပါ။ ကိုယ်ပိုင်အချိန်တွေ ပိုမိုရရှိလာပြီး စာဖတ်ခြင်းအပေါ် အာရုံစိုက်နိုင်လာပါလိမ့်မယ်။

စိတ်ကိုပျော်ရွှင်စေပြီး စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်မျိုးဖတ်ပါ။

သင်ဟာ အကယ်၍ အခုမှ စာစဖတ်သူတစ်ယောက်ဆိုရင် ပျော်ရွှင်စရာ များများပါတဲ့စာအုပ် သို့မဟုတ် စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်မျိုးကို စဖတ်ပါ။ စာဖတ်ကျင့်ရသွားမှ တခြားစာအုပ်​အမျိုးအစား​တွေကို ​ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

သွားလေရာ စာအုပ် တစ်အုပ်အုပ်သယ်သွားပါ။

ခရီးသွားတာပဲဖြစ်ဖြစ် ကျောင်းသွားတာပဲဖြစ်ဖြစ် အိပ်ရာဝင်ဖို့ပဲဖြစ်ဖြစ် စာအုပ်တစ်အုပ် ဆောင်ထားပါ။ မအိပ်ချင်သေးတဲ့အချိန် သို့မဟုတ် ဘတ်စ်ကားစောင့်နေတဲ့အချိန်တွေမှာ ဖုန်းကြည့်နေမယ့်အစား စာမျက်နှာ တစ်ရွက်နှစ်ရွက်လောက်ပဲဖြစ်ဖြစ် စာအုပ်ဖတ်နေလိုက်ပါ။

သူငယ်ချင်းတွေ ဒါမှမဟုတ် ကလေးတွေကို စာဖတ်ပြပါ။

ကိုယ် လက်ရှိဖတ်နေတဲ့ စာအုပ်ထဲက စိတ်ဝင်စားဖို့ကောင်းတဲ့အခန်းတွေကို သူငယ်ချင်း မိတ်ဆွေတွေ ဒါမှမဟုတ် ကလေးတွေကို ဖတ်ပြပြီး ဝေမျှခြင်းအားဖြင့်လည်း ကိုယ့်ရဲ့ စာဖတ်ချင်စိတ်ကို ပိုမိုတိုးတက်အောင် လုပ်နိုင်ပါတယ်။

Ref: lmt-less.com ; “6 Tips to Develop a Lifetime Reading Habit”

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top