ဇာဗီကို ဘာစီလိုနာနည်းပြအဖြစ် မြင်တွေ့ရမယ်

13-7-2020-yyl-012.jpg

ဘာစီလိုနာ ဂန္ထဝင်ကစားသမားဟောင်း ဇာဗီက ဘာစီလိုနာအသင်းကို နည်းပြအဖြစ် ပြန်ရောက်လာလိမ့်မယ်လို့ ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ပြောပါတယ်။ ဘာစီလိုနာအသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့ပြီး အသင်းရဲ့သမိုင်းဝင်အောင်မြင်မှုတွေမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့သူ ဇာဗီဟာ ကာတာကလပ်မှာ နည်းပြအဖြစ် ဆောင်ရွက်နေသူပါ။

ဇာဗီကို ဘာစီလိုနာနည်းပြအဖြစ် အနှေးနဲ့ အမြန် မြင်တွေ့ရမယ်လို့ ဘာတိုမြူက ပြောခဲ့ပေမဲ့ လာမယ့်ရာသီအတွက် လက်ရှိနည်းပြ ဆက်တီယန်ကို ထောက်ခံသွားဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိနည်းပြ ဆက်တီယန်လက်ထက်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသလို လာလီဂါအမှတ်ပေးဇယားမှာ အဆင့်(၂) နေရာ ရပ်တည်နေပြီး ရီးရဲလ်က ချန်ပီယံဖလား ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းအကွာဖြစ်နေပါတယ်။ ” ဇာဗီက အနှေးနဲ့အမြန်ဆိုသလို ဘာစီလိုနာနည်းပြ ဖြစ်လာမှာပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ နည်းပြသစ်မရှာပါဘူး။ ကျွန်တော်တို့ဆီမှာ ဆက်တီယန်ရှိနေပါပြီ”လို့ ဘာတိုမြူက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top