၁၆ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တစ်ကျော့ပြန်ရောက်လာဖို့ အလွန်နီးစပ်နေတဲ့ လိဒ်ယူနိုက်တက်

13-7-2020-yyl-013.jpg

ဆွမ်ဆီးကို ဝ-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ လိဒ်အသင်းဟာ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် တန်းတက်ခွင့်ရဖို့ လက်တစ်ကမ်းအကွာ ရောက်ရှိလာခဲ့ပါပြီ။ ၂၀၀၁ ခုနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားခွင့်ရခဲ့ပေမဲ့ ၂၀၀၄ ခုနှစ်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ လိဒ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ၁၆ နှစ်ကြာ ဝေးကွာခဲ့ရပါတယ်။

လိဒ်ဟာ ဆွမ်ဆီးနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့လို့ ပွဲစဉ်(၂)ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ အဆင့်(၃) နေရာက ဘရန့်ဖို့ဒ်ကို ၆ မှတ်အထိ ဖြတ်ထားနိုင်ပြီဖြစ်လို့ နောက်ထပ်(၂)ပွဲမှာ (၁)မှတ်ရရင် ပရီးမီးယားလိဂ် တန်းတက်ခွင့် ရရှိမှာပါ။ လိဒ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် တန်းတက်ခွင့်ရဖို့ အရမ်းနီးစပ်ခဲ့ပေမဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ပေမဲ့ ဝါရင့်နည်းပြ ဘီယယ်ဆာကို ဒီရာသီမှာ ဆက်ထိန်းနိုင်ခဲ့ပြီး ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top