ဝင်ချက်စတာ ဘုရားရှိခိုးကျောင်းကို ကယ်တင်ခဲ့သူ ဝီလျံဝေါ့လ်ကာ

43504078_1186256731526071_7605180367204515840_n.jpg

လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုလောက်အကြာက ဝင်ချက်စတာ ဘုရားရှိခိုးကျောင်းကို ကယ်တင်ခဲ့တဲ့ ရေငုပ်သမား ဝီလျံဝေါ့လ်ကာ ကွယ်လွန်ခဲ့တာဆိုရင် နှစ် ၁၀၀ တိုင်ခဲ့ပါပြီ။ ဘုရားရှိခိုးကျောင်းရဲ့ အောက်ခြေအုတ်မြစ်တွေက မြေကြီးထဲ မြုပ်သွားတော့မယ့် အခြေအနေမှာ ပြင်ဆင် မွမ်းမံခြင်းတွေကို ဝီလျံဝေါ့လ်ကာက ဆောင်ရွက်ခဲ့တာပါ။

ပျက်စီးနေတဲ့ အုတ်မြစ်တွေကို တူးထုတ်ဖို့အတွက် ပေ ၂၀ အနက် ကို ဆင်းပြီး နောက်ကျိနေတဲ့ ရေတွေကြားမှာ ကြိုးစားတူးဖော်ခဲ့တာ ဖြစ်ပါတယ်။ ဝီလျံက ပင်လယ်ရေနက် ရေငုပ်သမားဖြစ်ပြီး ၁၉၀၅ ခုနှစ်မှာ ဘုရားရှိခိုးကျောင်းရဲ့ နံရံ နဲ့ မျက်နှာကျက်တွေ အက်ကွဲလာပြီး ပြိုကျပျက်စီးမယ့် အခြေအနေတွေကို တားဆီးပေးဖို့ အလုပ်ကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်ကနေ ၁၉၁၁ ခုနှစ်ထိ တစ်နေ့ကို ၆ နာရီကြာ ရေအောက် အမှောင်ထဲမှာ လက်ဗလာနဲ့ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဝင်ချက်စတာ ဘုရားရှိခိုးကျောင်းက မြေဆွေးမြေပေါ်မှာ တည်ဆောက်ထားတဲ့အပြင် အောက်ခြေ မြေအောက် လှိုဏ်ခန်းထဲမှာလည်း ရေတွေနဲ့ ပြည့်နေတဲ့အတွက် ပြင်ဆင်မှုမှာ အခက်အခဲများစွာ ကြုံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အုတ်ခဲ အလုံး ၉ သိန်း၊ ကွန်ကရစ်တုံး ၁သိန်းကျော် နဲ့ ဘိလပ်မြေအိတ် ၂ သောင်းခွဲကျော်သုံးပြီး ဘုရားကျောင်းကို မွမ်းမံမှု လုပ်ပေးခဲ့ပါတယ်။

ချွတ်ရဝတ်ရခက်တဲ့ ရေငုပ်ဝတ်စုံကြီး တကားကားနဲ့ ကြိုးစားပမ်းစား လုပ်ဆောင်ပေးခဲ့တဲ့ ဝီလျံဝေါ့လ်ကာဟာ ၁၉၁၈ မှာ စပိန်ကပ်ရောဂါ တုပ်ကွေးခံစားရပြီး ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ အုတ်ဂူကိုတော့ လန်ဒန် အရှေ့တောင်ပိုင်းမှာရှိတဲ့ ဘက်အင်ဟန် သင်္ချိုင်းမှာ ထားရှိပြီး သူ့နဲ့ပတ်သက်တဲ့ ပြပွဲကိုတော့ ဝင်ချက်စတာ ဘုရားကျောင်းမှာ အောက်တိုဘာလကုန်ထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Ref: bbc.com “William Walker: Diver who saved Winchester Cathedral remembered”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top