မော်ရိုကိုမှာ ပြင်းအား ၆.၈ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်လို့ အနည်းဆုံး လူ ၂၉၆ ဦး သေဆုံး

9.9.23-yyl-5.jpg

View of a damaged car and debris from the earthquake in Marrakech, Morocco September 9, 2023 in this screen grab taken from a video. Al Oula TV/Handout via REUTERS

မော်ရိုကိုနိုင်ငံမှာ ပြင်းအား ၆.၈ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၂၉၆ ဦး သေဆုံးခဲ့တယ်လို့ မော်ရိုကိုပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကနဦး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်တင်ဘာလ ၈ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီအချိန်က မာရာကက်ရှ်မြို့ရဲ့ အနောက်တောင်ဘက် ၄၄ မိုင်အကွာ မြေအောက်အနက် ၁၁ မိုင်ကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာပါ။ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့ မာရာကက်ရှ်မြို့ဟာ ငလျင်ဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီး အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိခဲ့ပါတယ်။

မော်ရိုကိုနိုင်ငံတစ်ဝန်းက မြို့အများအပြား ငလျင်ဒဏ် ခံစားခဲ့ရပြီး အနည်းဆုံး လူ ၁၅၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

Ref: At least 296 dead after strong Morocco earthquake

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top