ထိုင်းအလုပ်သမားဝန်ကြီးကို သွားရောက်တွေ့ဆုံပြီး Visa Fees ကို (၁)နှစ် ဘတ်(၁၉၀၀)အစား အရင်ကအတိုင်း (၂)နှစ် ဘတ်(၅၀၀)သာ ကောက်ခံရေး တောင်းဆိုခဲ့တဲ့သတင်း

yyl-003.jpg

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းသည် ထိုင်းနိုင်ငံ၊ အစိုးရအဖွဲ့သစ်တွင် အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသူ M.R Chatu Mongkol Sonakul အား စက်တင်ဘာ ၁၀ ရက်၊ မွန်းလွဲပိုင်းက ထိုင်းအလုပ်သမားဝန်ကြီး ဧည့်ခန်းမဆောင်သို့ သွားရောက်တွေ့ဆုံခဲ့သည်။


ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီးက Visa Fees ကို ယခင်(၂)နှစ်အတွက် ဘတ်(၅၀၀)ကောက်ခံရာမှ တစ်နှစ်လျှင် ဘတ်(၁၉၀၀)ကောက်ခံမည်ဟု သိရှိရသဖြင့် ယခင်ကအတိုင်း (၂)နှစ်လျှင် ဘတ်(၅၀၀)သာ ကောက်ခံရေး သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းပေးစေလိုကြောင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ တောင်းဆိုခဲ့သည့်အပြင် ၂၀၁၉-၂၀၂၀ တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးတော့မည့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံပြင်ပထွက်စရာမလိုပဲ (၂)နှစ် ခွင့်ပြုသွားမည့် အတွက်လည်း ကျေးဇူတင်ကြောင်း ပြောကြားခဲ့သည်။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top