တိုင်းနဲ့ ပြည်နယ် ဦးစီးဌာနမှူးများနဲ့ ဆေးရုံအုပ်ကြီးတွေကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့တဲ့သတင်း

yyl-004.jpg

တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများအား အောက်တိုဘာလမှစတင်၍ လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်တင်ဘာ ၈ ရက်၊ ပဲခူးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။


ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယခုထက် ပိုမိုလျင်မြန်စွာ အောင်မြင် ထိရောက်မှုရှိစေရန်အတွက် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့် အဆောက်အဦနှင့် စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး ကိစ္စရပ်များတွင် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခြင်းဖြစ်သည်။
ယခုကဲ့သို့ လုပ်ပိုင်ခွင့် ပိုမိုပေးအပ်လိုက်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အထက်အဆင့်ဆင့်ထံမှ ခွင့်ပြုချက်များကို စောင့်ဆိုင်းစရာမလိုတော့ဘဲ ဌာနဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုပြည့်ဝစွာဖြင့် ဆောင်ရွက်သွားရမည်ဖြစ်သည်။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top