သောင်တင်နေတဲ့ ဝေလငါးအသေကောင်ရဲ့ ဗိုက်ထဲက အလေးချိန် (၈၈) ပေါင်ရှိတဲ့ ပလတ်စတစ်တွေ တွေ့ရှိ

in2-2-e1553237272905.jpg

ဖိလစ်ပိုင်နိုင်ငံမှာ သောင်တင်နေတဲ့ ဝေလငါး အသေကောင်ရဲ့ အစာအိမ်ထဲကနေ အလေးချိန် (၈၈) ပေါင်ရှိတဲ့ ပလတ်စတစ်အိတ်တွေ တွေ့ရှိခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။ မတ်လအစောပိုင်းက ဒါဗာအိုမြို့အရှေ့ပိုင်းမှာ ကူဗီယာမျိုးစိတ် ဝေလငါးအသေကောင်ကို တွေ့ရှိခဲ့တာပါ။ ကူဗီယာမျိုးစိတ် ဝေလငါးအသေကောင်ရဲ့ အစာအိမ်ထဲမှာ တွေ့ရတဲ့ ပလတ်စတစ်ပမာဏက တခြားဝေလငါးတွေထက် ပိုများခဲ့တယ်လို့ D’Bone Collector ပြတိုက်က ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားထားပါတယ်။

ဝေလငါး အသေကောင်ရဲ့ အစာအိမ်ထဲမှာ ဆန်အိတ်ခွံ (၁၆) လုံး၊ ဈေးဝယ်ရာမှာ အသုံးပြုတဲ့အိတ်ခွံ တော်တော်များများ တွေ့ခဲ့ရပါတယ်။ တစ်ခါသုံး ပလတ်စတစ်အိတ် အသုံးပြုခြင်းဟု ဖိလစ်ပိုင်နိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေအတွက် အဓိကပြဿနာဖြစ်နေပါတယ်။ သမုဒ္ဒရာတွေထဲ ရောက်ရှိသွားတဲ့ စွန့်ပစ်အမှိုက်တွေထဲမှာ (၆၀) ရာခိုင်နှုန်းကတော့ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံ စတဲ့ အာရှနိုင်ငံ ငါးနိုင်ငံက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ ဖြစ်တယ်လို့ ၂၀၁၅ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း ပလတ်စတစ်အိတ် အလုံး (၈၀) မြိုချခဲ့လို့ ထိုင်းနိုင်ငံမှာ ရေကြောင်းပြဝေလငါးတစ်ကောင် သေဆုံးခဲ့ပါသေးတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top