ကျောင်းသား၊ ကျောင်းသူတွေလိုက်ပါလာတဲ့ ဘတ်စ်ကားကို ယာဉ်မောင်းက ပြန်ပေးဆွဲပြီး မီးရှို့

in3-2-e1553237851576.jpg

ကျောင်းသား၊ ကျောင်းသူတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားကို ယာဉ်မောင်းက ပြန်ပေးဆွဲပြီး အီတလီနိုင်ငံ မီလန်မြို့နားမှာ မီးရှို့ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ကြိုးတုပ်ခံထားရတဲ့ ကလေးငယ်တချို့ အပါအဝင် ကလေးတွေကို ဘတ်စ်ကားအနောက်ဘက်က ပြတင်းပေါက်မှန်တွေခွဲပြီး ကယ်တင်နိုင်ခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ သူတို့ရဲ့ ကြီးကြပ်သူတွေကို ကျောင်းကနေ ကိုယ်လက်လေ့ကျင့်ရေးခန်းမဆီ ပို့ဆောင်ဖို့ စီစဉ်ခဲ့ပေမဲ့ ယာဉ်မောင်းက လေဆိပ်ဘက်သွားတဲ့လမ်းကို မောင်းနှင်လာပြီး ဓားကိုင်ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က သူ့မိဘတွေဆီ ဖုန်းဆက်ခဲ့ပြီး မိဘတွေတစ်ဆင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဘတ်စ်ကားကို ကြားဖြတ်တားဆီးဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဘတ်စ်ကားက ရဲကားတွေကို ဝင်တိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ယာဉ်မောင်းက ကားပေါ်က ခုန်ဆင်းပြီး ကားကိုမီးရှို့ခဲ့တာပါ။ အသက် (၄၇) နှစ်ရှိတဲ့ ယာဉ်မောင်းအမျိုးသားဟာ ဆီနီဂေါနိုင်ငံကနေ အီတလီကို ရွှေ့ပြောင်းပြီး အီတလီနိုင်ငံသား ခံယူထားသူပါ။ ယာဉ်မောင်းက ”တစ်ယောက်မှ အသက်မရှင်ရဘူး”လို့ ပြောခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

အော့ဆေးနူဆီဟု အမည်ရတဲ့ ယာဉ်မောင်းအမျိုးသားဟာ အီတလီနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒ၊ မြေထဲပင်လယ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေ သေဆုံးခဲ့တဲ့ဖြစ်ရပ်တွေအပေါ် ဒေါသထွက်ခဲ့တယ်လို့ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ဆရာမတစ်ယောက်က ပြောပါတယ်။ အီတလီနိုင်ငံ အရာရှိတွေက သူ့ကို အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်သင့်၊ မတင်သင့်ဆိုတာ ချင့်ချိန်စဉ်းစားနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top