ဆယ်လ်ဖီရိုက်ဖို့အတွက် ငန်းတစ်ကောင်သေရ

women1-goose.gif

ဆယ်လ်ဖီ (Selfie) ဆိုတာ Selfish (တစ်ကိုယ်ကောင်းဆန်မှု) ကနေ ဆင်းသက်လာတဲ့ စကားလုံး တစ်ခုပါပဲ။ Selfie ခပ်များများ ရိုက်တတ်တဲ့ အမျိုးသား အများစုဟာ Gay ဟုတ်ရင်မဟုတ် မဟုတ်ရင် တကယ်ကောင်းဆန် အတ္တကြီးသူများ ဖြစ်ကြောင်း တက္ကသိုလ်တစ်ခုမှ စိတ်ပညာရှင်များက စစ်တမ်းကောက် အဖြေထုတ်ယူထားပါတယ်။

ယခုပုံမှာ မြင်တွေ့ရတာကတော့ အမျိုးသမီး တစ်ယောက် Selfie ရိုက်ဖို့ ကြိုးစားရင်း ငန်းတစ်ကောင် သေရခြင်း ဖြစ်ပါတယ်။ ဥရောပမှ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဖြစ်တဲ့ မက်ဆိဒိုးနီးယားမှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ငန်းနဲ့ Selfie ရိုက်ချင်လို့ ရေကုန်း အဆက်လေးမှာ နေနေတဲ့ ငန်းကို သွားဆွဲပါတယ်။ ငန်းကလည်း ရုန်းပါတယ်။ ရုန်းနေတဲ့ ငန်းကို အတင်းဆွဲပြီး Selfie ရိုက်ပြီးတဲ့အခါ အဲ့တိုင်းပဲ ပစ်ထားလိုက်ပါတယ်။ ငန်းမှာတော့ အသက်မရှိတော့ ပါဘူး။ ယင်းကဲ့သို့ ဖြစ်ရပ်လိုပဲ အာဂျင်တီးနားမှာလည်း ဖြစ်ခဲ့ပါသေးတယ်။ ရှားပါး လင်းပိုင် တစ်ကောင် သေသွားတဲ့ ဖြစ်ရပ်ဖြစ်ခဲ့ ပါသေးတယ်။

Selfie ရိုက်ပြီးတော့ အက်ဆီးဒန့်ဖြင့် သေဆုံးရမှုဟာလည်း နှစ်စဉ် ငါးမန်းကိုက်မှုကြောင့် သေတဲ့ သေဆုံးမှုထက် ပိုမို မြင့်မားကြောင်း စစ်တမ်း တစ်ခုမှ ဖော်ပြထားပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top